အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးလည်ပတ်နေ
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်မှတဆင့် အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးပြန်လည်ပတ်နေတယ်လို့ မောင်တောမြို့နယ်မှကုန် သည်ကြီးတွေနဲ့မောင်တောဒေသခံတွေက အတည်ပြုပြောကြပါတယ်။ အဲဒီကညင်ချောင်းစီးပွားရေးဇုန်မှဆန်၊သစ်စတာတွေကို အဓိကတင်ပို့နေပြီး ဘိလပ်မြေ၊အာလူးစတဲ့ပစ္စည်းတွေကို အဓိကပြန်လည်တင်သွင်းနေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။ အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အာရက္ခကုန်သည်ကြီးများအသင်းကစီမံလုပ်ဆောင်နေကြတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီကညင်ချောင်းစီးပွားရေးဇုန်ဆိပ် ကမ်းမှကုန်စည်စီးဆင်းမှုတွေနေ့စဥ်ပုံမှန်ရှိနေပေမယ့် လိုအပ်ချက်တွေအ များကြီးရှိနေသေးတာမို့ ...