Tag: Rakhine

အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံစလုံးက ထိန်းသိမ်းထားတဲ့စက်တပ်လှေတွေကို အပြန်အလှန်ပြန်ပေး

အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံစလုံးက ထိန်းသိမ်းထားတဲ့စက်တပ်လှေတွေကို အပြန်အလှန်ပြန်ပေး

Border News Agencyမောင်တော၊ မေ ၁၈။ အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံစလုံးက ထိန်းသိမ်းထားတဲ့ စက်တပ်လှေတွေကို နှစ်ဘက်စလုံးက အပြန်အလှန်ပြန်ပေးလိုက်ကြပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်ဆိပ်ကမ်းမှာထိန်းသိမ်းထားတဲ့ မောင်တောမြို့ကကုန်တင်စက်တက်လှေရှစ်စီးကို မေလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဖက်က ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီစက်တပ်လှေတွေဟာ ...

မွတ်ဆလင်အမျိုးသမီးတွေကို သင်တန်းတွေ ပြုလုပ်ပေးနေ

မွတ်ဆလင်အမျိုးသမီးတွေကို သင်တန်းတွေ ပြုလုပ်ပေးနေ

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိ မွတ်ဆလင်အမျိုးသမီးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ပြုလုပ်ပေးနေပါတယ်။ အဲဒီမွတ်ဆလင်အမျိုးသမီးအခွင့်အရေးဆိုင်ရာကဏ္ဍတွေ၊မွတ်ဆလင်အ မျိုးသမီးစွမ်းရည်မြှင့်တင်ရေးကဏ္ဍတွေအပြင်အသိပညာပေးဟောပြောပို့မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့လူမျိုးစုရေးရာကော်မတီပူးပေါင်း ပြုလုပ်ကြတာဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာအာရက္ခဒေသက စုံလင်ကွဲပြားတဲ့အ မျိုးသမီးတွေပါဝင်ဆောင်ရွက်နေကြပေမယ့် မွတ်ဆလင်အမျိုးသမီးတွေရဲ့ပါဝင်မှုတွေနည်းနေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ယန္တရားတွေမှာ လူမျိုး၊ဘာသာမခွဲ ...

စစ်တွေမြို့ပေါ်က စစ်ဘေးရှောင်တွေ အကူအညီတွေ လိုအပ်နေ

စစ်တွေမြို့ပေါ်က စစ်ဘေးရှောင်တွေ အကူအညီတွေ လိုအပ်နေ

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့ပေါ်က စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်တွေမရှိကြတာမို့ ပုံမှန်ဝင်ငွေမရှိကြသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလည်းမရကြဘူးလို့ ဆိုကြပါတယ်။ အဲဒါကြောင့် နေ့စဥ်ပုံမှန်စားဝတ်နေရေးအတွက် ထမင်းတောင်နပ်မှန်အောင်မစားရကြတော့ဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ “မနက်စားရင်ညစာမစားရ၊ညစာစားရင် မနက်မစားရ။အဲလိုနေကြရတယ်။” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border ...

“ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲ 

“ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲ 

အပိုင်း (၁) အာရက္ခပြည်သူတွေဟာ ၂၁ ရာစု၊ဒီနေ့ခေတ်မှာ “ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲဆိုတဲ့မေးခွန်းထက် ပစ္စုပ္ပန်နဲ့အနာဂတ်မှာ “ခေတ်သစ်နိုင်ငံတော်” ကို ဘယ်လိုထူထောင်ကြမှာလဲ ဆိုတဲ့မေးခွန်းကိုသာ ပိုပြီးစိတ်ဝင်စားကြပါတယ်။ ''ရက္ခိုင့်ဘုရင့်နိုင်ငံတော်'' ဆိုတဲ့ခေါင်းစဥ်ဟာ “သမိုင်းဆိုင်ရာ” မေးခွန်းဖြစ်ပေမယ့် သမိုင်းအထောက်အထားတွေနဲ့ဖြေဆိုဖို့ကြိုးစားတာထက် သီအိုရီအခြေခံတွေပေါ်မှာပဲ ချဥ်းကပ်ရင်းဖြေဆိုမှာဖြစ်ပါတယ်။  ...

ပေါက်ပင်ကိုင်းသောကြောင့်…

ပေါက်ပင်ကိုင်းသောကြောင့်…

မောင်တူရေးသည်။ အာရက္ခဒေသ၏လူမှုစီးပွားဘဝသည် လက်ရှိအခြေအနေထိ အကျပ်အတည်းဆိုက်နေမှုတွင်သာရှိနေသေးသည်။အာရက္ခဒေသ၏လူမှုစီးပွားဘဝအကျပ်အတည်းမှာ "စီးပွားရေးပြိုလဲမှု" ကြောင့်ဖြစ်သည်။ "စီးပွားရေးပြိုလဲမှု" တွင် ပြိုလဲရသည့်အကြောင်းတရားနှင့်ပြိုလဲမှုကြောင့် ရိုက်ခတ်ခံရသည့်အကျိုးဆက်များရှိသည်။ အာရက္ခဒေသ၏စီးပွားရေးပြိုလဲမှုသည် "စစ်ကောင်စီမှအာရက္ခဒေသအားစီးပွားရေးပိတ်ဆို့မှုကြောင့်" ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် အာရက္ခဒေသတွင် "စစ်ကောင်စီဘက်မှစီးပွားရေးပိတ်ဆို့မှုကို ရင်ဆိုင်နိုင်လောက်သောစီးပွားရေးလည်ပတ်မှု" ရှိမနေခဲ့ဟု ပြန်ဖြေရမည်ဖြစ်သည်။ ဤအချက်သည် အာရက္ခဒေသဘက်မှ ...

မိုးများဒေသက သောက်သုံးရေရှားပါးမှုဘေးဒုက္ခ

မိုးများဒေသက သောက်သုံးရေရှားပါးမှုဘေးဒုက္ခ

Border News Agencyပုဏ္ဏားကျွန်း၊ ဧပြီ ၂၀။ နွေရောက်ပြီဆိုတာနဲ့ရေရှားပါးမှုက စလာပြီ။ သောက်ရေသုံးရေကအစ ရေအရင်းအမြစ်တွေ တဖြည်းဖြည်းနည်းလာပါတော့တယ်။ တနှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ်တဲ့ဒီရေရှားပါးမှုပြဿနာက အာရက္ခဒေသက ပြည်သူတွေအတွက် ခေါင်းခဲစရာပါ။ သောက်သုံးရေရှားပါးတာကြောင့် မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေကြ ရပါတယ်။ မသန့်တဲ့ရေတွေကို ...

ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ

ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ

Border News Agencyကျောက်တော်၊ ဧပြီ ၁၉။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို ဧပြီလ ၁၉ ရက်၊ ဒီနေ့ မနက် ၂ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး နှစ်ဆယ်ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီ ကျောက်တော်မြို့၊ ...

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကိုကြိုတင်ကာကွယ်မယ့်အစီအမံတွေရေးဆွဲရှိနေမှအာရက္ခဒေသခံနိုင်ရည်ရှိမယ်

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကိုကြိုတင်ကာကွယ်မယ့်အစီအမံတွေရေးဆွဲရှိနေမှအာရက္ခဒေသခံနိုင်ရည်ရှိမယ်

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို အာရက္ခဒေသခံနိုင်ရည်ရှိစေဖို့အာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီး စီမံအုပ်ချုပ်မယ့် အာရက္ခတပ်တော်(AA) မှာကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကြိုတင်ကာကွယ်မယ့်အစီအမံတွေရေးဆွဲရှိနေမှ အာရက္ခဒေသခံနိုင်ရည်ရှိမယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုကြပါတယ်။ https://youtu.be/bEb9sdJNcX8

တမူထူးခြားနယ်စပ်မောင်တောမြို့က ရခိုင်သင်္ကြန်ကာလများ

တမူထူးခြားနယ်စပ်မောင်တောမြို့က ရခိုင်သင်္ကြန်ကာလများ

ကျွန်းသားငမန်း ရေးသည်။ သင်္ကြန်အချိန်ကာလကို ဗုဒ္ဓဘာသာဝင်များက အလေးအမြတ်ထားကြသည်။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်ဖြစ်သဖြင့် ဤအချိန်ကာလတွင် အတတ်နိုင်ဆုံးကုသိုလ်ကောင်းမှုများဖြင့် ကျင့်ကြံနေထိုင်နိုင်ရန် အားထုတ်ကြသည်။ နှစ်ဟောင်းအညစ်အကြေးများကို ဆေးကြောသန့် စင်သည့်အယူအဆဖြင့် တစ်ဦးနှင့်တစ်ဦး ရေပက်လေ့ရှိကြသည်။ သင်္ကြန်ရေ၏အေးမြခြင်းအထိအတွေ့ကြောင့် ကိုယ်အပူကိုအေးငြိမ်းစေသည်။ အညစ်အကြေးများကို ...

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၆ ရက်နေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ တောင်ကုတ်မြို့ခံတွေက ဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကိုဟိန်းမင်းစိုးမှာ ညာဖက်လက်ညိုးပြတ်ထွက်သွားသလို လည်ပင်းမှာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ သူဟာ ဒီနေ့၊နေ့လည် ...

Page 1 of 10 1 2 10

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here