စစ်တွေမြို့အနီးမှာ နှစ်ဘက်စစ်ရေးတင်းမာနေ
ဒေသကွပ်ကွဲရေးစစ်ဌာနချုပ်တည်ရှိတဲ့ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်လက်နက်ကြီး၊စနိုက်ပါ၊ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေခဲ့တယ်လို့ အာရက္ခတပ်တော်က ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီစစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကို ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။ ...