Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာအမျိုးသမီးတွေအတွက် မူဝါဒတွေရှိသင့်

(ဓာတ်ပုံ - အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာတာဝန်ထမ်းဆောင်နေတဲ့အာရက္ခစစ်မေတဦး / AA )

(ဓာတ်ပုံ - အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာတာဝန်ထမ်းဆောင်နေတဲ့အာရက္ခစစ်မေတဦး / AA )

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍလည်းအရေးပါသ လို အမျိုးသမီးတွေရဲ့ပါဝင်ခွင့်၊ဆုံးဖြတ်ပိုင်ခွင့်တွေလည်းအရေးကြီးတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာအမျိုးသမီးတွေအတွက် မူဝါဒတွေရှိသင့်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြင့်တင်မှုအခန်းကဏ္ဍတွေကို လုပ်ပေးရမယ်လို့မြင်ပါတယ်။အမျိုးသမီးတွေဖက်ကလည်း စွမ်းဆောင်ရည်တွေ ဖြည့်တင်ရပါမယ်။ ULA/AAကပေါ်လစီတွေထားပြီးတော့ ဒါတွေကိုလည်းလုပ်ဆောင်သင့်ပါတယ်။ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေမှာဆိုရင် ဂျန်ဒါပိုလစီတွေ၊အမျိုးသမီးရေးရာမူဝါဒတွေကို အများကြီးထုတ်နေပါတယ်။အဲဒါတွေကိုလည်းထုတ်ဖို့လိုပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေကို စစ်ပွဲတွေမှာကာကွယ်ခြင်းဆိုင်ရာ နိုင်ငံတကာဥပဒေတွေကိုလည်းလေးစားလိုက်နာဖို့လိုပါတယ်။” လို့အမျိုးသမီးအဖွဲ့ခေါင်းဆောင်တဦးက Border News Agency ကို ပြောပါတယ်။

စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသတွေရှိ အမျိုးသမီးတွေရဲ့ငြိမ်းချမ်းရေး၊လုံခြုံ ရေးကို အထူးအလေးထားတဲ့ပထမဆုံးဆုံးဖြတ်ချက်တခုကိုကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ၂၀၀၀ပြည့်နှစ်၊အောက်တိုဘာလ ၃၁ ရက်နေ့ကအတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) မှာ အမျိုးသမီးတွေရဲ့ကိုယ်စားပြုပါဝင်မှု (Participation) ၊အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေကို အကာအကွယ်ပေးခြင်း (Protection) ၊ကြိုတင်တာဆီးခြင်း(Prevention)၊ ကယ်ဆယ်ရေးနဲ့ပြည်လည်ထူထောင်ရေး (Relief and Recovery) စတဲ့ အချက်တွေပါဝင်ပါတယ်။

အဲဒီအချက်တွေကိုကုလသမဂ္ဂလုံ ခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံကလည်း လိုက်နာအကောင်အထည်ဖော်ရန်တာဝန်ရှိနေပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာလည်း အမျိုးသမီးတွေအတွက်ဥပဒေတွေ၊ မူဝါဒတွေရှိသင့်သလိုဥပဒေအရအကာအကွယ်ပေးမှုတွေ၊ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာထိပါဝင်ခွင့်ပြုသင့်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“ကျား မရေးရာ တန်းတူညီမျှမူနဲ့ပတ်သက်လို့ပါတီ၊လက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှာ အမျိုးသမီးအနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းပါဝင်ဖို့အတွက် ကျမတို့ဆက်တိုင်းလုပ်လာခဲ့ပါတယ်။ပူးပေါင်းပါဝင်မှုဟာ အရေအတွက်အားဖြင့်ပါဝင်တာမဟုတ်ပဲ အဲဒီပါဝင်နှုန်းအမျိုးသမီးရာတယောက်ချင်းစီဟာ အရည် အချင်းရှိတဲ့ အမျိုးသမီးတွေဖြစ်ဖို့ သူတို့ကို စွမ်းရည်မြင့်တင်ပေးရင်းနဲ့ သူတို့အတွေးအမြင်သဘောထား စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင့်လင့် ပါဝင်ဆွေးနွေးတိုင် ပင်လုပ်ဆောင်ဖို့အတွက်ပါ။နောက်ဆုံးအဆင့် အမျိုသမီးဖြစ်တာကြောင့်ဆုံး ဖြတ်ချက်မချနိုင်ဆိုတာမျိုးမဟုတ်ပဲ ဆုံးဖြတ်ချက်ချနိုင်မယ့်အမျိုးသမီးတွေပါဝင်နိုင်ရမယ်ဆိုပြီး တောင်းဆိုလာတာတွေရှိပါတယ်။” လို့ ရခိုင့်ရှေ့ ဆောင်အမျိုးသမီးများအဖွဲ့ရဲ့ဥက္ကဌစောစံငြိမ်းသူက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါ အဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အဲဒီနေရာအားလုံးမှာ အုပ်ချုပ်ရေးယန္တ ရားတွေဖော်ဆောင်နေပေမယ့် အမျိုး သမီးတွေ ဘေးကင်းလုံခြုံရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေလ ည်း လိုအပ်ချက်တွေရှိနေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာအမျိုးသမီးတွေပါဝင်ဆောင်ရွက်နေကြပေမယ့်အမျိုးသမီးတွေဟာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေအပါအဝင် အမျိုး သမီးတွေရဲ့အခန်းကဏ္ဍတွေနည်းနေသေးတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“အမျိုးသမီးအခန်းဏ္ဍတွေကတော့ နည်းနေသေးပါတယ်။ဒါပေမယ့်လည်း တချို့အနည်းစုက ပါဝင်နေကြပါတယ်။ဗဟိုအုပ်ချုပ်ရေးပိုင်းတွေ၊စစ်ရေးဦးဆောင်ပြီး ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာမရှိကြပါဘူး။ ဒီတိုင်းနည်းနေသေးတယ်လို့ မြင်ပါတယ်။” လို့ ရခိုင်အမျိုးသမီးအဖွဲ့ခေါင်ဆောင်တဦးက Border News Agency သို့ ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က အာရက္ခဒေသရှိကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ဆို့ကန့်သတ်ထားသလို နိုင်ငံတ ကာလူသာချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကိုလည်း တားဆီးကန့်သတ်ထားပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်အမျိုးသမီးတွေအပါအဝင် အာရက္ခပြည်သူ့အမျိုး သမီးတွေဟာ စားဝတ်နေရေး၊ကျန်းမာရေး၊ဘေးကင်းလုံခြုံရေးဆိုင်ရာအခ က်အခဲစိန်ခေါ်မှုတွေကိုရင်ဆိုင်ကြုံ တွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင်စစ်ဘေးရှောင်အမျိုးသမီးတွေဟာဘေးကင်းလုံခြုံကင်းမဲ့တဲ့သစ် ခက်မိုးတဲနေထိုင်နေကြရသလိုတွေမှာအမိုးမကာမဲ့အိမ်တွေ၊ရေချိုးနေရာတွေကိုအသုံးပြုနေကြရတယ်လို့လည်းအရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

နောက်ပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းတွေလည်းမလုံလောက်ကြသလို လုံ လောက်တဲ့ဆေးဝါးတွေ၊ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းမရကြဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousပေါက်တောမြို့နယ်မှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေး
Nextမောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သား သုံးဦးဒဏ်ရာရNext
Previous Post

ပေါက်တောမြို့နယ်မှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေး

Next Post

မောင်တောမှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သား သုံးဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

အာရက္ခအစိုးရ စားကျက်မြေစာရင်းကောက်ယူနေ

August 18, 2025

“တချို့ရေနက်ကွင်းနေရာတွေမှာတော့ ခုထိရေမကျတာတွေရှိနေသေးတယ်လို့ပြောပါတယ်။”

August 18, 2025
(ဓာတ်ပုံ - စစ်ကော်မရှင်ရေတပ်စစ်ရေးလေ့ကျင့်မှု / စစ်ကော်မရှင်ရေတပ်)

အာရက္ခတပ်တော်ကို ထိုးစစ်ဆင်ဖို့ စစ်ကော်မရှင်ရေတပ်အင်အားဖြည့်ထား

August 18, 2025

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Releated Post

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page