အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိ မွတ်ဆလင်အမျိုးသမီးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ပြုလုပ်ပေးနေပါတယ်။
အဲဒီမွတ်ဆလင်အမျိုးသမီးအခွင့်အရေးဆိုင်ရာကဏ္ဍတွေ၊မွတ်ဆလင်အ မျိုးသမီးစွမ်းရည်မြှင့်တင်ရေးကဏ္ဍတွေအပြင်အသိပညာပေးဟောပြောပို့မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့လူမျိုးစုရေးရာကော်မတီပူးပေါင်း ပြုလုပ်ကြတာဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာအာရက္ခဒေသက စုံလင်ကွဲပြားတဲ့အ မျိုးသမီးတွေပါဝင်ဆောင်ရွက်နေကြပေမယ့် မွတ်ဆလင်အမျိုးသမီးတွေရဲ့ပါဝင်မှုတွေနည်းနေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ယန္တရားတွေမှာ လူမျိုး၊ဘာသာမခွဲ ခြားဘဲအရည်အချင်းအလိုက် အရာရှိအဆင့်တွေထိပါ တာ၀န်ထမ်းဆောင်နေသူတွေလည်း အများအပြားရှိကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတ ယ်။
အဲဒါကြောင့်အာရက္ခပြည်တွင်းနေမွတ်ဆလင်တွေအနေနဲ့လည်း အစိုးရယန္တ ရားတွေမှာ ပိုမိုပါ၀င်ခွင့်ရဖို့ အရည်အညချင်းပြည့်မီအောင် ကြိုးစားသင့်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့၊နိုင်ရာတာ၀န်ထမ်းကြဖို့ လိုအပ်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက်စစ်ရေးတင်းမာနေကြပါတယ်။






