မောင်တော​သေခံငါးဦးကို ရိုဟင်ဂျာအကြမ်းဖက်သ မားတွေပစ်သတ်

By

မောင်တော၊ဇူလိုင် ၃၁။
မောင်တောမြို့နယ်၊သုံးမိုင်-ကြိမ်ချောင်းလမ်း၊ရွှေ တောင်လမ်းဆုံအနီးမှာ ဇူ လိုင်လ ၃၁ ရက်၊ဒီနေ့နေ့လည် ၃ နာရီကျော်အချိန်ခန့်က မောင်တောဒေသခံငါးဦးကို ရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေက သေနတ်နဲ့ပစ်သတ်သွားကြတယ်လို့ မောင်တောမြို့ခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီမောင်တောဒေသခံအမျိုးသားလေးဦးနဲ့အမျိုး သမီးတစ်ဦးတို့ကို ကားလမ်းမပေါ်မှာလာရောက်ပစ် ခတ်သတ်ဖြတ်သွားကြတာဖြစ်ပြီးအဲဒီနေရာအနီးအ နားကို အာရက္ခတပ်တော်(AA)က နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေဟာ အရပ်သားပြည်သူတွေကို လူမျိုးရေးအမု န်းတရားတွေနဲ့သတ်ဖြတ်နေတာဟာ လူမျိုးပေါင်းစုံအတူယှဥ်တွဲနေထိုင်ရေးကိုခက်ခဲလာစေသလို မယုံ ကြည်မှုတွေနဲ့လူမျိုးရေးအမု န်းတရားတွေပိုမိုတိုးလာစေတယ်လို့ ဆိုကြပါတယ်။
”အောင်မင်္ဂလာရွာဖက်ကနေရွှေတောင်ရွာဖက်သို့အ လာမှာ ကားလမ်းဘေးကနေပုန်းပြီးပစ်သတ်သွားကြတာပါ။ခုလိုသွားလာလှုပ်ရှားနေကြတဲ့အရပ်သားတွေကိုမကြာခဏပစ်သတ်နေတာဟာအတူနေဖို့အတွ က်မယုံကြည်စရာတွေဖြစ်လာပါတယ်။”လို့ မော င်တောမြို့ခံတစ်ဦးက Border News Agency သို့
ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်၊တောင်ပြို- ကြိမ်ချောင်းကားလမ်းမှာ ဇူလိုင်လဒုတိယအပတ်က အရပ်သားသုံးဦးကို ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက် ကိုင်တွေပစ်သတ်ခဲ့သလို ဇူလိုင်လတတိယအပတ်ကလည်း မောင်တောမြို့နယ်၊ပြားသားကျေးရွာသားနှစ်ဦးကိုလည်းငါးရှားနေစဥ်မှာ ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေကဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတ ယ်။
အဲဒီအပြင် မောင်တောမြို့ပေါ်မှာပိတ်မိကျန်နေတဲ့ရခိုင်လူမျိုးတွေ၊ဟိန္ဒူလူမျိုးတွေကိုလည်း ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေကလူမျိုး ရေး၊ဘာသာရေးအမုန်းတရားတွေ၊အငြိုးအတေးတွေနဲ့ဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေက မောင်တောမြို့ပေါ်မှာပိတ်မိကျန်နေတဲ့ရခိုင်လူမျိုးတွေ၊ဟိန္ဒူလူမျိုးတွေကို ဖမ်းဆီးကြိုးချည်ရိုက်နှက်နှိပ်စက်သတ်ဖြတ်နေတဲ့ရုပ်သံမှတ်တမ်း တွေလည်း လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။
အဲဒီလိုပြစ်မှုကျူးလွန်နေကြတာမို့ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကို င်တွေသာမက မွတ်ဆလ င်လူမျိုးအားလုံးကိုပါ မယုံကြည်မှုတွေတိုးလာစေပြီး ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ဖို့အတွက် အဟန့်အတားတွေဖြစ်နေပြီလို့မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။
”ကျနော်တို့ဟိန္ဒူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတာတွေ၊အမျိုးသမီးတွေကို မဒိန်းကျင့်တာတွေက မွတ်ဆလင်တွေကို အမုန်းတရားတွေပဲဖြစ်လာစေပါတယ်။ဒီအတိုင်းဆိုရင် ဘယ်မွတ်ဆလင်ကိုမှမယုံရဘူး။စိတ်မချရဘူးဆိုရင် ဘယ်မွတ်ဆလင်ကိုမှဒေ သခံတွေ၊တခြားလူမျိုးတွေလက်ခံကြမှာမဟုတ်ဘူး။”လို့ မောင်တောမြို့နေဟိန္ဒူလူမျိုးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်၊အောင်ဗလကျေးရွာအနီးရှိ ဟိန္ဒူကယ်ဆယ်ရေးကျေးရွာမှဟိန္ဒူလူမျိုးတချို့ကို ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေကဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်ခဲ့ကြသလို ဟိန္ဒူအမျိုးသမီးတစ်ဦးကိုလည်း အတင်းအဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားခဲ့ကြတယ်လို့ မောင်တောမြို့နေ ဟိန္ဒူလူမျိုးတွေက ဆိုကြပါတယ်။
အဲဒီအပြင် မောင်တောမြို့ပေါ်မှာ ပိတ်မိကျန်နေကြတဲ့ရခိုင်လူမျိုးတွေကိုလည်းဖမ်းဆီးသတ်ဖြတ်ခဲ့ကြသလို နောက်ထပ်နှစ်ရာနီးပါးထိဖမ်းဆီးနှိပ်စက်နေ ကြတယ်လို့ မောင်တောမြို့နေပြည်သူတွေနဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲမှာ ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေကဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ရခိုင်လူမျိုးအနည်းဆုံးသုံးဆယ်ထိရှိနေပြီး
အများစုဟာ သတ်ဖြတ်အလောင်းဖျောက်ခံလိုက်ကြရတာမို့ မိသားစုဝင်တွေဟာ အလောင်းတောင် ပြန်မရကြဘူးလို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲမှာ ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်ငါးထောင်ကျော်ထိ စစ်ကောင်စီဘက်မှဝင်ရောက်တိုက်ခိုက်ပေးနေကြပြီး မောင်တောမြို့ကို ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လ က်နက်ကိုင်တွေက သိမ်းပိုက်ထားပြီးမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာတွေပြန်လာကြဖို့ ဝါဒဖြန့်ဖိတ်ခေါ် တာတွေပြုလုပ်နေပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသ ည်စခန်းတွေက ရိုဟင်ဂျာလူငယ်အများအပြားနတ်မြစ်ကိုဖြတ်ပြီး မောင်တောမြို့သို့နေ့စဥ်ဝင်ရောက်ကာ စစ်ကောင်စီတပ်ဘက်မှဝင်ရောက်တိုက်ခိုက်ပေးနေကြတယ်လို့ မောင်တောမြို့နေမွတ်ဆလင်တွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့မှစစ်ကောင်စီတပ်ဖက်မှဝင်ရောက်တိုက်ခိုက်ပေးနေကြတဲ့ရိုဟင်ဂျာအမည်ခံမွတ်ဆလင်လက်နက်ကိုင်တွေ/ လူမှုကွန်ရက်)

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here