မင်းပြားမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

Photo – APM

By

မင်းပြားမြို့နယ်မှာ မတ်လ ၁၉ ရက်၊ ဒီနေ့နေ့လည် ၂ နာရီ ၅၅ မိနစ်အချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီမြေပုံမြို့၊ သပြေညိုရပ်ကွက်က အသက်လေးဆယ်သုံးနှစ်အရွယ် ဒေါ်စံဝင်းမေမှာ ဘယ်ဖက်ခြေထောက်ခြေမျက်စီကနေပြတ်ထွက်သွားတာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ဒေါ်စံဝင်းမေဟာ ဒီနေ့နေလည်က ကျိန်းတောင်တောင်သို့သွားရာမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင်ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်း ဆိုကြပါတယ်။

မင်းပြားအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့တခြားမြို့နယ်တွေမှာလည်း မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်တွေကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေရှိနေတာမို့ အာရက္ခတပ်တော်အနေနဲ့လည်း နေအိမ်တွေ၊ လမ်းတွေမှာ သေရှာမိုင်းရှင်းလင်းပေးဖို့လိုအပ်တယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here