စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးရုပ်သံတွေ၊ သတင်းစာတွေနဲ့ဂျာနယ်တွေမှာဖော်ပြနေတဲ့ မူးယစ်ဆေးဝါးအမှုဟာ အာရက္ခတပ်တော်(AA) နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ မတ်လ ၁၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အဲဒီလိုစစ်ကောင်စီတပ်ရဲ့ဝါဒဖြန့်ချီရေးတွေဟာ အာရက္ခတပ်တော်ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့စွပ်စွဲချက်က လုံးဝယုတ္တမရှိတဲ့အပြင် နိုင်ငံရေးသိက္ခာချမှုဖြစ်တယ်လို့ ဆိုပါတယ်။
“ဖက်ဆစ်အကြမ်းဖက်စစ်ရာဇဝတ်တပ် စစ်ကောင်စီရဲ့စွပ်စွဲချက်ဖြစ်တဲ့ မူးယစ်ဂိုဏ်းတခုမှ မူးယစ်ဆေးဝါးဖမ်းမိတဲ့ကိစ္စရပ်တွေမှာ မိမိတို့အဖွဲ့အစည်းကို မ ဆီမဆိုင်အတင်းယိုးစွပ်တဲ့ စွပ်စွဲချက်တခုသာဖြစ်တယ်” လို့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်၊အာရက္ခတပ်တော် ULA/AA က ဆိုပါတယ်။
စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ရှုံးနှိမ့်နေတဲ့စစ်ကောင်စီဟာ အာရက္ခတပ်တော်ကို အငြိုးအတည်းကြီးစွာနဲ့နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာဒုစရိုက်မှုတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ခေတ်သစ်အွန်လိုင်းလိမ်လည်လောင်းကစားတွေကို သူတို့ထိန်းချုပ်ထားတဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့တွေမှာ စစ်ဗို လ်ချုပ်ကြီးတွေ ပိုင်ဆိုင်တဲ့နေရာတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလောင်းကစား၊ မူးယစ်ဆေးဝါးကိစ္စအားလုံးမှာ စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေပါဝင်ပတ်သက်နေသလို သူတို့လက်ချက်ဖြစ််တယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အစိုးရဆက်ဆက်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ညှိ့နှိုင်းမဆွေးနွေးဘဲ ရန်သူတွေလိုသတ်မှတ်ထားပြီး စစ်ရေးအရအရေးပါတဲ့ တုံ့ပြန်မှုတွေနဲ့အတူ သတင်းမှားအမျိုးမျိုးနဲ့ လုပ်ကြံဖန်တီးတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီတပ်ရဲ့တိုင်းစစ်ဌာနချုပ်တွေ၊ ဗျူဟာစခန်းတွေ၊ တပ်မ၊ တပ်ရင်းဌာနချုပ်တွေ တခုပြီးတခုဆုံးရှုံးနေတဲ့အချိန်မှာ အဲဒီလို မူးယစ်ဆေးဝါးအမှုတွေနဲ့ သတင်းမှားတွေဖြန့်နေတာက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော်(UL A/AA) ကို နိုင်ငံရေးအောက်လုံးတွေနဲ့ ထိုးနှက်တိုက်ခိုက်ပြီး နိုင်ငံရေးသိက္ခာ ချမှုတွေပြုလုပ်နေပြီး သူတို့အပြစ်ကို လွှဲချတဲ့လုပ်ရက်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်အပေါ် မူးယစ်ဆေးဝါးဖမ်းမိတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မိမိတို့နဲ့ ဆက်စပ်မှုမရှိကြောင်း လည်းဆိုထားပါတယ်။