Border News Agency
မောင်တော၊ မေ ၁၅။
မောင်တောမြို့နယ်မှာ မေလ ၉ ရက်နေ့က စစ်ကျန်လက်နက်ပေါက်ကွဲလို့ကျောင်းသားနှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာက မောင်ညွန့်ရဲ့သားအသက် ရှစ်နှစ်အရွယ်မောင်ဇော်သန်းထွန်းအောင်၊ဦးထွန်းလှကျော်ရဲ့သားအသ က်တဆယ့်တနှစ်အရွယ်မောင်အောင်သန်းစိုးသေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင် ဦးစံလှထွန်းရဲ့သားအသက်တဆယ့်တနှစ်အရွယ်မောင်ဆန်းမြင့်သူ၊ဦးလှပြည့်ရဲ့သားအသက်ခုနှစ်ဆယ်ငါးနှစ်အရွယ်ဦးအောင်သာထွန်း ဒဏ် ရာရရှိသွားကြပါတယ်။
သူတို့ဟာ မေလ ၉ ရက်၊မနက် ၁၂ နာရီကျော်အချိန်ခန့်က လယ်ထဲကကောက်ယူလာတဲ့ စစ်ကျန်ဗုံးတလုံးကို ဆော့က စားရာမှာပေါက်ကွဲမှုဖြစ်ပြီး ခုလိုသေ ဆုံး၊ဒဏ်ရာရသွားကြတာဖြစ်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် မောင်အောင်သန်းစိုး သေဆုံးခဲ့သွားသလို မောင်ဇော်သန်းထွန်းအောင်မှာ ခန္တာကိုယ်အနှံ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာမို့ အရေးပေါ်ဆေးကုသနေစဥ် မေလ ၁၀ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ရွာ သားတွေက ဆိုကြပါတယ်။
အဲဒီအပြင်ဦးအောင်သာထွန်းမှာလက်နှစ်ဖက်စလုံးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသလို မောင်ဆန်းမြင့်မှာလည်း ခန္တာကိုယ်အနှံ့ဗုံးစထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေလည်းမကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်တွေက ဆိုကြပါတယ်။
အဲဒီအပြင် မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိ မ်နေကြရတာမို့ အာရက္ခတပ်တော်အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူ ညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာမြေမြုပ်မိုင်းနင်းမိသူတွေအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့် မသန်စွမ်းဖြစ်သွားကြသူတွေအတွက် အထောက်အကူပြုပစ္စည်းတွေအပါအဝင် အကူအညီတွေလိုအပ်နေကြတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။