Border News Agency
ကျောက်ဖြူ၊ မေ ၂၃။
အာရက္ခတပ်တော်(AA)ဟာ မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့ဆင်နွဲ့နေတယ်လို့ မေလ ၂၂ ရက်၊မနေ့ကထု တ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ မပြီးပြ တ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကို အ ကန့်အသတ်နဲ့ဆင်နွဲနေတယ်လို့ ဆိုပါတယ်။
အဲဒါဟာ “အာရက္ခဒေသတခုလုံး အာရက္ခပြည်သူလက်ထဲသို့ ရောက်ရှိရေး” ရည်မှန်းချက်ကို အကောင်အထည်ဖော်နေတာလို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ဒရုန်းတွေ၊လက်နက်ကြီးတွေ အသုံးပြုမတိုက်ခိုက်ဘဲ စစ်သည်တွေ၊စစ်နည်း ဗျူဟာတွေသုံးပြီး မြေပြင်အားသာချက်ရယူကာ နယ်မြေသိမ်းပိုက်တိုက် ခိုက်နေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ကြည်းရေလေပူးပေါင်းခုခံနေသလို လေကြောင်းပစ်ကူ၊ ရေတပ်ပစ်ကူးတွေ အများဆုံးအသုံးပြုခုခံနေသလို အဆင့်မြင့်ဒရုန်းတွေလည်းအများအပြားအသုံးပြုခုခံနေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့်စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယ န္တရားတွေ ဖော်ဆောင်နေပါတယ်။