မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ဇွန် ၂၁။
အာရက္ခဒေသနေ အာရက္ခပြည်သူလူထုသည် အချက်အလက်သိပိုင်ခွင့်(Right to Know) ဆုံးရှူံးနေသည်မှာ ကာလကြာနေခဲ့ပြီဖြစ်သည်။
ထိုပြင် အာရက္ခဒေသ၏အပြင်ဘက်သို့ သွားလာခွင့်(Right to Leave) ကိုလည်း ထပ်မံဆုံးရှူံးခံထားကြရသည်။
ထိုကဲ့သို့အချက်အလက်သိပိုင်ခွင့်အားဆုံးရှူံးခြင်းနှင့် အာရက္ခဒေသ၏အပြင်ဘက်သို့ သွားလာခွင့်အား ဆုံးရှူံးခြင်းများနှင့်ပတ်သက်၍ အာရက္ခဒေသနေ အာရက္ခပြည်သူလူထု၏လူမှုစီးပွားဘဝများအပေါ် ထိခိုက်နစ်နာမှုများမှာ မေးခွန်းထုတ်စရာမလိုအောင်ကို ရှိပေသည်။
အာရက္ခဒေသ၏အင်တာနက်ပြတ်တောက်မှု၊တယ်လီဖုန်းဆက်သွယ်ရေးပြတ်တောက်မှု၊ အာရက္ခပြည်၏ပြင်ပသို့ထွက်ခွာခွင့်အား ပိတ်ဆို့ဖြတ်တောက်ခံရမှုများသည် “စစ်ရေး” အခြေအနေကြောင့် ဖြစ်လာသောအခင်းအကျင်းများဖြစ်ပေသည်။
အာရက္ခဒေသ၏အင်တာနက်ပြတ်တောက်မှု၊ တယ်လီဖုန်းဆက်သွယ်ရေးပြတ်တောက်မှုများကို ကြည့်ပါက ၂၀၁၉-၂၀၂၀ ပြည့်နှစ်ကာလများတွင် မြန်မာစစ်တပ်ဘက်က ဖြတ်တောက်ခဲ့
သော်လည်း ၂၀၂၄ခုနှစ်နောက်ပိုင်းကာ လများတွင် ဖြတ်တောက်သူမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA )ကိုယ်တိုင်ပင်ဖြစ်သည်။
ဤအခြေအနေက အာရက္ခဒေသ၏အ င်တာနက်ဖြတ်တောက်မှုအားစစ်ရေးအတွက် အသုံးချမှုမှာ အုပ်စုနှစ်ခုစလုံးတွင်ရှိနေသည်ကို ပြနေပေသည်။
အင်တာနက်တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုနှင့်စစ်ရေး
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုကြောင့် စစ်ရေးတွင်အနိုင်ရနိုင်ပါ၏လော့။ အနိုင်ရနိုင်သောရာခိုင်နှုန်းမည်မျှရှိပါသနည်း။
စစ်ပွဲဆင်နွဲနေသူများ(Warring Parties)သည် ဆန့်ကျင်ဘက်အုပ်စုများ၏…။
“-တည်ရှိမှု၊စုရုံးမှု၊လှုပ်ရှားမှု၊အမိန့်စီးဆင်းမှု၊ ဝါဒဖြန့်မှုများကို ထိုးနှက်ရန်၊ သတင်းအချက်အလက်များမှားယွင်းစေရန်နှင့်သတင်းအချက်အလက်စီးဆင်းမှုနောက်ကျစေရန်။” စသည့်အချက်များကိုရည်ရွယ်၍ အင်တာနက်၊တ ယ်လီကွန်မြူနီကေးရှင်းကို ဖြတ်တောက်ကြသည်။
ထိုပြင် စစ်ပွဲဆင်နွဲနေသူများ(Warring Parties)သည် ကိုယ်တိုင်ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဖုံးဖိဖျောက်ဖျက်လို၍လည်းကောင်း၊ နိုင်ငံတကာမှအာရုံစိုက်မှုမရှိစေရန်အတွက်လ ည်းကောင်း အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းကို ဖြတ်တောက်ကြသည်။
ဤအချက်များသည် တနိုင်ငံနှင့်တနိုင်ငံ (သို့မဟုတ်) အုပ်ချုပ်ရေးစနစ်နှင့်အခြေခံအဆောက်အအုံစံနှုန်းသီးခြားရှိသော နယ်မြေတခုနှင့်တခုကြား စစ်ပွဲများတွင်တွေ့ရသော ယေဘူယျအချက်အချို့ဖြစ်သည်။
အာရက္ခဒေသ(သို့မဟုတ်)မြန်မာနိုင်ငံ၏နေရာများတွင် ဖြစ်ပွားနေသောတို က်ပွဲများသည် “အုပ်ချုပ်ရေးစနစ်နှင့်အ ခြေခံအဆောက်အအုံသီးခြားစံနှုန်းရှိသော နယ်မြေတခုနှင့်တခုကြားစစ်ပွဲများ” မဟုတ်ပေ။ အခြေခံအဆောက်အ အုံစံနှုန်းတမျိုးတည်းရှိသောနယ်မြေတခုတွင် “ရှိနေသော အုပ်ချုပ်ရေးစနစ်ကို အစားထိုးရန်” အတွက် ဖြစ်ပွားနေသောစစ်ပွဲများသာဖြစ်သည်။
ထိုအခြေခံအဆောက်အအုံစံနှုန်းတမျိုးတည်းဆိုရာတွင် ပညာရေး၊ကျန်း မာရေး၊လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးစသည့် စနစ်များတမျိုးတည်း လည်ပတ်နေသောအခြေအနေကို ဆိုလိုခြင်းဖြစ်သည်။
သို့ဖြစ်၍ ပြည်သူလူထုမှီခိုနေရသော “အာဏာအမာစက်ဝန်း”မဟုတ်သော၊ စစ်ရေးပစ်မှတ်မဟုတ်သောအခြေခံအ ဆောက်အအုံများ ထိခိုက်ပါက ထိုထိ ခိုက်မှုအား လက်ငင်းခံံရသူမှာ” ပြည် သူလူထု”သာဖြစ်သည်။
ထိုသို့ ပြည်သူလူထု၏ထိခိုက်မှုများအား ယာယီကုစားပေးရန် အစီအမံများမပါပါက ထိုလုပ်ရပ်မှာ “အပြစ်မဲ့ပြည်သူများအတွက်ထည့်သွင်းစဉ်းစားချက်များ” မပါသော မျက်နှာလွဲခဲပစ်လုပ်ရပ်သာဖြစ်သည်။
အာရက္ခဒေသ(သို့မဟုတ်)မြန်မာနိုင်ငံ၏နေရာများတွင် ဖြစ်ပွားနေသောတိုက်ပွဲများမှာ “အုပ်ချုပ်ရေးစနစ်နှင့်အခြေခံအဆောက်အအုံသီးခြားစံနှုန်းရှိသော နယ်မြေတခုနှင့်တခုကြားစစ်ပွဲ
များ” မဟုတ်သဖြင့် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအပါအဝင် လူထုမှီခိုအားထားနေရသောအခြေခံအဆောက်အအုံများကို တိုက်ခိုက်သူများ (Warring Parites)အတွက် “နှစ်ဖက်သွားဓား” ကို ကိုင်ထားရသူနှင့်တူသည်။ မိမိ၏ရန်သူလည်း ထိခိုက်သလို ကိုယ့်ကိုကိုယ်လည်း ပြန်ထိခိုက်ပေသည်။
ထိုတိုက်ပွဲကာလအချိန်ကြာလာသညနှင့်အမျှ ပြည်သူလူထု၏ထိခိုက်နစ်နာမှုအား ယာယီအစားထိုးကုသရန်အ ကောင်အထည်ဖော်နိုင်မှုလည်းမရှိလျှင် ”ပြည်သူလူထု၏ငြိုငြင်မှု” ကို ခံလာရတော့သည်။
ပြည်သူလူထု၏လွတ်လပ်မှု၊တရားမျှ တမှုနှင့်တန်းတူညီမျှမှုအတွက် တိုက်ပါသည်ဟုခံယူကြလျှင် အဆိုပါစစ်ပွဲဆင်နွဲသူများ(Warring Parties)သည် မည်သို့ပင် အကြောင်းပြချက်ပေးနေစေကာမူ “ပြည်သူလူထု၏ဝန်ထုတ်ဝန်ပိုး” အား ထမ်းပိုးရမည့် တာဝန်ရှိနေသည်။
ထို့ကြောင့် အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်းပြတ်တောက်မှုက ပြည်သူလူထုအတွက်…။
- အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် အဆက်အသွယ်များ ခက်ခဲစေခြင်း။
- အရေးပေါ် အကူအညီလိုအပ်မှုများအတွက် အဆက်အသွယ်များ ခက်ခဲစေခြင်း။
- ဒီဂျစ်တယ်ငွေကြေးစီးဆင်းမှုကို ခက်ခဲစေခြင်း။
- လူသားချင်းစာနာမှုအကူအညီများအတွက် အဆက်အသွယ်များ ခက်ခဲစေခြင်း။
- လူမှုစီးပွားဘဝများအတွက် ခက်ခဲစေခြင်း။
- မိသားစုများနှင့်အဆက်အသွယ်များ ခက်ခဲစေခြင်း။
- ပညာရေး၊ဖွံ့ဖြိုးမှု၊ဝင်ငွေ၊အခွင့်အလ မ်းများ ပြတ်တောက်သွားခြင်း။
- အသက်ရှင်သန်ရပ်တည်မှု ခက်ခဲစေခြင်း။”စသည့် ဝန်ထုတ်ဝန်ပိုးများကို ဖြစ်လာစေသည်။
ထိုဝန်ထုတ်ဝန်ပိုးများပိနေခြင်း အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထုဘက်မှ “အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်သူ” ကို မကျေနပ်ဖြစ်လာမည်ဖြစ်သည်။
ပြည်သူလူထု၏မကျေနပ်မှုဟူသည် အမိန့်အာဏာ၊လက်နက်ကိုသုံးကာအကြောက်တရားဖြင့် သတ်၍သေသည့်အရာမဟုတ်။ ဖွဲ့မီးကဲ့သို့ တမြေ့မြေ့တငွေ့ငွေ့ဖြင့် ထုတည်ကြီးလာတတ်သော အရာဖြစ်သည်။ ထိုကဲ့သို့ ထုတည်ကြီးလာသောအခါအခက်တွေ့တော့သည်။
ဤသည်ကား “နှစ်ဖက်သွားဓားဖြင့် ကိုယ့်ကိုပြန်ထိခြင်း” လည်းဖြစ်သည်။ နောက်တချက်က မိမိ၏ရန်ဘက်မှ ပြည်သူလူထုအား အင်တာနက်မက်လုံးဖြင့် ပြန်လည်စည်းရုံးခွင့်ရရှိနေခြင်းပင်။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်ခြင်းကြောင့် စစ်ရေးတွင် လုံးဝအနိုင်ရနိုင်ပါသလားဆိုလျှင်တော့ အဖြေမှာ “အနိုင်ရမည်ဟု တပ်အပ်မပြောနိုင်” ဟုသာဖြေရမည်ဖြစ်သည်။
အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုကြောင့် စစ်ရေးကာ လအတွင်း “ပြည်သူလူထုဘေးအန္တရာ ယ်ကင်းပါသလား” ဆိုလျှင်လည်း အ ဖြေမှာ “ကင်းသည်ဟု တပ်အပ်မပြောနိုင်” ဟုသာ ဖြေရမည်ဖြစ်သည်။
တပ်အပ်ပြောနိုင်သည်က အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တော က်မှုမှာ “နှစ်ဖက်သွားဓား” နှင့်တူသည်ဟူ၍သာ။ပြည်သူလူထုကိုတော့ ထိခိုက် သည်ဟူ၍သာ။
အထက်ပါကောက်ချက်နှစ်ခုနှင့်ပတ် သက်၍သက်သေပြနိုင်သည့် မြေပြင်ပကတိအရှိတရားများက အာရက္ခမြေတွင် သိပ်မရှားပေ။
အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်ခြင်းကြောင့် စစ်ရေးတွင်အနိုင်ရရန် သေချာမှုမရှိကြောင်းကို “NLD အစိုးရလက်ထက်ကာလ မြန်မာစစ်တပ်နှင့်အေအေ၏တိုက်ပွဲကာလတလျောက် ရခိုင်ဒေသအင်တာနက်ဖြတ်တောက်ခြင်းက သက်သေပင်ဖြစ် သည်။
ထိုကာလက ဖြတ်တောက်သူမြန်မာစစ်တပ်မှာ အထိနာခဲ့သည်။ ထိုကာလတွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ပြည်သူလူထုထိခိုက်နိုင်မှုကို စိုးရိမ်ကြော င်း ULA/AAက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“…တိုက်ပွဲဖြစ်ပွားရာမြို့နယ်များ၌ ဆက်သွယ်ရေးဆိုင်ရာ(Data)၊အင်တာနက်များကို ၂၀၁၉ ခုနှစ်၊ဇွန် ၂၁ ရက်နေ့မှာဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဖြတ်တောက်ထားကြောင်း၊…တိုက်ပွဲဧရိယာအတွင်းရှိ ပြ ည်သူလူထု၏အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြောင်း၊ မြန်ဆန်စွာစီးဆင်းနေသောသတင်းမီဒီယာခေတ်တွင် မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်အတွင်းဖြစ်ပျက်နေသော ပကတိဖြစ်ရမှန်များကို သတင်းအမှောင်ချရရန်နှင့် ၎င်းတို့ကျူးလွန်မည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် ရည်ရွယ် ချက်ရှိရှိဖြင့် ကြိုတင်ပြုလုပ်ထားခြင်း ဖြစ်သည်ဟု မိမိတို့မှယုံကြည်ကြောင်း” စသဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)၏ ကြေညာ ချက် ၁၄/၂၀၁၉ ထုတ်၊စာမျက်နှာ ၁ တွင် ဖော်ပြထားခဲ့သည်။
ထိုပြင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ ၁၁ ကြိမ်မြောက်၊တပ်မွေးနေ့၊တပ် မှူးချုပ်မိန့်ခွန်းတွင်လည်း ”အမှန်တရားများကို ဖျောက်ဖျက်ရန်၊ စစ်ရာဇဝတ်မှုများကို ကမ္ဘာကြီးက မကြား၊ မမြင်နိုင်ရန်အင်တာနက်ကို ဖြတ်တောက်၊ သတင်းမီဒီယာများကို ပိတ်ဆို့အမှောင်ချကာ ဆိုးဝါးပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများ၊ စစ်ရာဇဝ တ်မှုများအားမြန်မာစစ်တပ်နှင့်အတူ ဒီမိုကရေစီအမည်ခံအစိုးရကပါ ပါဝင်နေကြောင်း၊ မြန်မာစစ်တပ်၏ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကလေးသူငယ်များ၊ အမျိုးသမီးများ၊နို့တိုက်မိခင်များ၊ သက်ကြီးရွယ်အိုများ သေဆုံးရသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ ထိုဖြစ်စဉ်များကို သေချာတိကျစွာ မှတ်တမ်းယူကာ နိုင်ငံတကာဥပဒေဖြင့် အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုကြောင့်ပြည်သူလူထုသည် ဘေးကင်းမှုမည်မျှရှိပါသနည်း။
အင်တာနက်၊တယ်လီကွန်မြူနီကေးရှ င်းဖြတ်တောက်မှုကြောင့် ပြည်သူလူထုသည် ဘေးကင်းမှုမရှိ၊လုံခြုံမှုမရှိသည်ကို အကောင်းဆုံးသက်သေပြချက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတ ပ်တော်(ULA/AA) ၏ လူသားချင်းစာနာမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ညှိနှိုင်းရေးရုံး (HDCO) မှ ပြီးခဲ့သည့်ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်ပင်ဖြစ်သည်။
ထိုထုတ်ပြန်ချက်တွင် ငလျင်နောက်ပို င်း စစ်ကောင်စီ၏အာရက္ခဒေသအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုပေါင်း ၄၀၉ ကြိမ် ခန့်ရှိသည်ကို ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက် မထွက်ပေါ်ခင်ကပင်အာရက္ခဒေသ၏အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ULA/AA ကိုယ်တိုင်ဖြတ်တောက်ထားပြီးပြီလည်းဖြစ်သည်။
အာရက္ခပြည်သူလူထုအား အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ဖြတ်တောက်ထားပြီးနောက်ပိုင်းတွင်လည်း အာဏာသိမ်းစစ်တပ်၏လေကြော င်းအန္တရာယ်ကို ဆက်လက်ရင်ဆိုင်နေကြရသည်။
ULA/AA ကိုယ်တိုင် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ဖြတ်တောက်မှုနှင့်ပတ်သက်၍ ဒွိဟဖြစ်စရာများတော့ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ULA/AA သည် အင်တာနက်၊ တ ယ်လီကွန်မြူနီကေးရှင်းပြတ်တောက်ခြင်းမရှိသေးချိန် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလ၊ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊နိုဝင် ဘာလ ၁၃ ရက်နေ့နောက်ပိုင်း မြို့နယ်များကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။
သံတွဲမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ထိ အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်းပြတ်တောက်ခြင်း မရှိသေးပေ။
ထိုအချက်များက အာဏာသိမ်းစစ်တပ်၏အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်ခံရခြင်း၊မခံရခြင်းများမှာ အာရက္ခတပ်တော်၏စစ်ရေးတွင် သက်ရောက်မှုမရှိကြောင်းကို ဖော်ပြနေသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ဘက်မှ အာရက္ခဒေသအပေါ် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင် သည်။
ထိုကဲ့သို့ ဖြတ်တောက်ခဲ့သောရက်အချိန်ကာလတွင်လည်းအာရက္ခတပ်တော် သည် စစ်ရေးအသာစီးရနေချိန်ဖြစ်သည်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲပြင်းထန်နေသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၆ ရက်နေ့ထိအချိန်ကာလများတွင် အာရက္ခဒေသတွင် အင်တာနက်နှင့်ဆက်သွယ်ရေးဖုန်းလိုင်းများအား ပြတ်တောက်ခဲ့ခြင်းမရှိခဲ့ပေ။
သို့ဖြစ်၍ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုမှာ အာရက္ခတပ်တော်အဖို့ စစ်ရေးနယ်ပါယ်လိုအပ်ချက်ထက် အုပ်ချုပ်ရေး၊ တည်ဆောက်ရေးနယ်ပါယ်များမှ တိုက်တွန်းဆော်သြော်မှုဖြစ်တန်ရာရှိသည်။
ဇန်နဝါရီလကျိန်စာ
စစ်ပွဲဆင်နွဲနေသူများ(Warring Parties) အနေဖြင့် မိမိတို့၏လှုပ်ရှားမှုများအား မိမိတို့၏ရန်သူထံမပေါက်ကြားစေရန် အရေးကြီးသည်မှာ အခြေခံနိယာမတရားပင်ဖြစ်သည်။ မိမိတို့၏ သတင်းအား ယိုစိမ့်မှုမဖြစ်စေရန်ရန်သူ ထံသတင်းပေးများကိုလည်း ဟန့်တားကြမည်ဖြစ်သည်။ ပြည်သူလူထုအားလုံးသည် ရန်သူထံသတင်းပေးများတော့ မဟုတ်ကြပေ။
ရန်သူထံသတင်းအချက်အလက်ပေးပို့ခြင်းကဲ့သို့ စစ်မှုရေးရာကိစ္စများကို ပြ ည်သူလူထုတိုင်းကျွမ်းကျင်သူအထူးအေဂျင့်များလည်း မဟုတ်ကြပေ။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့နယ်အားလုံးတွင် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းကတည်းက အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းပြတ်တောက်သွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း သုံးခွင့်ရနေသောသူများမှာ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရနှင့်နီးစပ်သူများသာဖြစ်နေသည်။
ဤတွင် ဖြစ်ပျက်ခဲ့သော အချိန်ကာလနေ့စွဲများကို ပြန်ဆန်းစစ်ပါက ကောက်ချက်ကို ရှင်းလင်းစွာချနိုင်လာပေသည်။
၁။ ULA/AAဘက်မှအာရက္ခဒေသအပေါ် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ဖြတ်တောက်မှုမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖြစ်သည်။
၂။ သို့ဖြစ်၍၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလသ ည် အာရက္ခပြည်သူလူထုအတွက် အင်တာနက်၊တယ်လီကွန်မြူနီကေရှင်းသုံးခွင့်မရတော့သောကာလဖြစ်သည်။ MEC ကဒ်များရသည်ဟု ဇောဒကတက်လိုလျှင်လည်း ထိုကဒ်များလှိုင်းမိသည့်နေရာတွင်သာ မိတော့သည်။ ဘယ်နေ ရာတွင် ဘယ်ဖုန်းလိုင်းမိသည်။ဘယ်သူနှင့်ဘယ်သူဘယ်လိုဆက်သွယ်သည်။ ဘာအကြောင်းကို ပြောကြသည် ဆိုသည်မှာလည်း ULA/AA ၏မျက်စိရှေ့တွင် ရှိနေပြီးသားကိစ္စသာဖြစ်လာသည်။
၃။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးတွင် ယခုနှစ်ဆန်းပိုင်းကစတ င်းပြီး အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ပြတ်တောက်သွားခဲ့ပြီဖြစ်သ ည်။
၄။အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်းသုံးခွင့်ရနေသောသူများမှာ ULA/AA အုပ်ချုပ်ရေးပိုင်းဘက်က ပုဂ္ဂိုလ်များနှင့်နီးစပ်သူများသာ ဖြစ်သည်။
ဤသို့ဆိုပါလျှင် သာမန်ပြည်သူလူထု အင်တာနက်၊ တယ်လီကွန်မြူနီကေရှင်း သုံးခွင့်မရနိုင်သော၊ရသောကဒ်မှာလ ည်း ULA/AA ၏စောင့်ကြည့်မှုအောက်တွင်ရှိနေသော အခြေအနေအောက်တွ င်…။
“ပုဏ္ဏားကျွန်း၊ ယိုးတရုတ်ရွာတွင်ကျင်း ပသည့် အချုပ်အခြာအာဏာကျရှုံးခြင်းအောက်မေ့ခြင်းအခမ်းအနားအားနေရာအချိန်အတိအကျသိ၍ ပြီးခဲ့သ ည့်ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးခဲ့သည်။”
“ပုဏ္ဏားကျွန်း၊ အောင်ဇုံပြင်ကျေးရွာအနီးဖုန်းလိုင်းမိသောနေရာကို ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကောင်စီတပ်လေ ကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံးခဲ့သည်။”
“ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကောင် စီတပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဆယ်ခြောက်ဦးသေဆုံးခဲ့သည်။”
“ကျောက်တော်မြို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့က သုံးကြိမ်တိုင်တိုင်လေကြောင်းတိုက်ခိုက်လို့ ဆယ်ဦးသေဆုံးခဲ့သည်။”
ထိုဖြစ်ရပ်များက အင်တာနက်၊ တယ်လီကွန်မြူနီကေရှင်း ဖြတ်တောက်ခံထားရသော ပြည်သူလူထုကြောင့်ဖြစ်ပါသလား။
မည်သည့်ပြည်သူလူထုက မိမိခေါင်းပေါ်တည့်တည့်လာကျရန်၊မိမိရပ်ရွာ ဆွေမျိုးများသေဆုံးရန် သတင်းပေးပါမည်နည်း။သတင်းပေးရန်အတွက်ကော သူ့တွင်အင်တာနက်၊တယ်လီကွန်မြူနီကေရှင်း ဘယ်ကရပါမည်နည်း။ အင်တာနက်၊ တယ်လီကွန်မြူနီကေရှင်းရသောနေရာများသည် ULA/AA ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည်မဟုတ်လော။
ထိုအခြေအနေအောက်တွင် ဒလန်သ တင်းပေးရှိခဲ့လျှင်လည်း ပေါ်လာမည်သာဖြစ်သည်။ပြည်သူလူထုတိုင်းသည် ဒလန်များတော့မဟုတ်ပေ။
“သာလီစွပါ ဂိုးသျှေ၊ဂါဝရပါ ဂိုးသျှေ” ဟုဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ဂရုများဖွဲ့၍ အာချောင်တတ်သော ULA အဖွဲ့ဝင်များမှာ နည်းပညာလုံခြုံရေး၌ တဖက်ကမ်းကျွမ်းကျင်သူများ မဟုတ်သည်ကိုလည်း မျက်ကွယ်မပြုသင့်ချေ။
ULA အဖွဲ့ဝင်များကိုယ်တိုင် နည်းပညာဗဟုသုတအားနည်းမှုကြောင့် သတင်းယိုစိမ့်မှုမှာလည်း ဖြစ်နိုင်သည်ပင်။ မိမိတို့ဖာသာ သတင်းယိုစိမ့်မှုအား ဘာမှမသိသော ပြည်သူလူထုအပေါ် လက်ညိုးထိုး အပစ်ပုံမချသင့်ပေ။
စတားလင့်များသည်ပင်လျှင် ရေဒီယိုလှိုင်း၊ အပူချိန်လှိုင်း၊တည်နေရာနှင့်ပတ် သက်၍ ထောက်လှမ်းခံရနိုင်ချေလည်း ရှိတတ်သည်ပင်။
အာဏာသိမ်းစစ်တပ်အနေဖြင့် နည်းပညာကြောင့်၊ အခြားသော စစ်ရေးဆိုင်ရာခန့်မှန်းချက်များကြောင့်၊ အင်တာနက်တယ်လီကွန်မြူနီကေးရှင်းသုံးခွင့်ရနေသော ULA/AA အဖွဲ့ဝင်များ၊ ၎င်းတို့နှင့်နီးစပ်သူ အခွင့်ထူးခံများ၏နည်းပညာအသိအမြင်အားနည်းမှုမှသတင်းယိုစိမ့်မှုကြောင့်လည်း လေကြောင်းတိုက်ခိုက်မှုကို လုပ်နိုင်ပေသည်။
ထိုအချက်များကို ULA/AA ဘက်မှလျစ်လျူရှူ၍ ပြည်သူလူထုအားလုံးအပေါ် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုမှာ ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် အပစ်ပေးထားခြင်းနှင့်တူပေသည်။
အပြစ်မရှိသောပြည်သူလူထု၏အခွင့်အရေးအတွက် ယာယီအစားထိုးကုစားမည့် အစီအမံများလိုအပ်ချက်ကိုလည်း ULA/AA ဘက်မှ ထည့်သွင်းစဉ်းစားသင့်ပေသည်။
အာရက္ခဒေသအပေါ် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုမှာ ULA/AA ၏စစ်ပွဲကာလအတွင်းလိုအပ်ချက်ကြောင့် ဖြတ်တောက်မှုဟုဆိုလျှင် အဆိုပါဖြတ်တောက်မှုကို “စစ်မ က်ရေးရာဆောင်ရွက်မှု” အဖြစ် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ (IHL) အရ သတ်မှတ်နိုင်ပေသည်။
နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ (IHL) အရ “စစ်မက်ရေးရာဆောင်ရွက်မှု” တွင် “အချိုးအစားညီမျှမှု (Proportionality)” စံနှုန်းရှိသည်။
“အချိုးအစားညီမျှမှု(Proportionality)” ဆိုသည်မှာ “အနိုင်တမတ်ဖိုးအတွက် ဆုံးရှူံးမှုငါးပိဿာမျိုးရှိအောင်မလုပ်ရခြင်းကို” ဆိုလိုခြင်းဖြစ်သည်။
အနိုင်နှင့် ပျက်စီးဆုံးရှူံးမှုကြားအချိုးအစားညီမျှမှုရှိရမည်ကို ဆိုလိုရင်းဖြစ်သည်။
အာရက္ခပြည်သူလူထူ၏အခင်းအကျင်းကိုကြည့်ပါက “အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း” ကို ဖြတ်တောက်ထားချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှုက ရှိချင်လျှင်လည်းရှိနေသည်။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်း ဖြတ်တောက်မှုကြောင့် လုံးဝလေကြောင်းတိုက်ခိုက်မှုကင်းလွတ်သွားသည်ဟု၍လည်း အာမမခံနိုင်ပေ။
အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှု က အခြားသောလူမှုစီးပွားဘဝနယ်ပါယ်များကို ထိခိုက်နေကာ ပြည်သူလူထုအတွက် အကျပ်အတည်းကို ဖြစ်စေသည်။
သို့ဖြစ်၍ အာရက္ခပြည်သူလူထုအတွ က် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုက လုံးဝဘေးကင်းလိမ့်မည်ဟု အာမခံချက်မရှိသော်လည်း လူမှုစီးပွားဘဝအကျပ်ရိုက်မှုကို ဖြစ်စေသည်ကတော့ သေချာပေသည်။ အနိုင်ထက် အဆုံးအရှူံးက ပိုများပေသည်။ ULA/AA အနေဖြင့် ထိုအချက်များကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေသည်။

အစီရင်ခံစာများမှဖော်ပြချက်များ
မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် (BWU) က ပြီးခဲ့သည့်မေလအတွင်း စစ်ကောင်စီတပ်၏လေကြောင်းနှင့်မြေပြင်တို က်ခိုက်မှုကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးတွင် အမျိုးသမီး ၉၂ ဦးသေဆုံးခဲ့ပြီးထိုအထဲတွင် အာရက္ခဒေက ၁၆ ဦးပါဝင်သည်ဟု ဖော်ပြထားသည်။
အာဏာသိမ်းစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၁ ရက်နေ့မှမေလ ၃၁ ရက်နေ့ထိ အာရက္ခဒေ သတွင် ၆၈ ဦးသေဆုံးခဲ့ကြောင်း AAPP၏အစီီရင်ခံစာတွင် ဖော်ပြထားသည်။
- အာရက္ခဒေသအပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် မေလအတွင်း စကစဘက်မှ လေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ် ၂၀၀ ကျော်ပြုလုပ်ခဲ့သည်။
ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာအား စစ်ကောင်စီတပ်က လေကြော င်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မေလ ၁၃ ရက်နေ့က အရပ်သား ၁၃ ဦးသေဆုံးဒဏ်ရာရခဲ့သည်။
- အာဏာသိမ်းစစ်တပ်၏လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်မေလအတွင်း အရပ်သားပြည်သူထိခိုက်သေဆုံးဒဏ်ရာရသူခုနှစ်ဆယ်နီးပါးရှိခဲ့သည်။
ထိုအချက်များက အင်တာနက်၊တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်ထားသော်လည်း ပြည်သူလူထုအနေဖြင့် မြေပြင်တွင် ဘေးကင်းလုံခြုံမှုမရှိနိုင်ကြောင်းကို ဆန်းစစ်ကောက်ချက်ချနိုင်ပေသည်။
နိုင်ငံတကာအမြင်
ပြီးခဲ့သည့်မေလ ၃ ရက်နေ့တွင်ကျရော က်သော ကမ္ဘာ့စာနယ်ဇင်းနေ့တွင်ထုတ်ပြန်သည့်နိုင်ငံတကာနယ်စည်းမခြား သတင်းထောက်မျာ (RSF)၏အစီရင်ခံ စာတွင် မြန်မာနိုင်ငံသည် သတင်းလွတ် လပ်ခွင့်မရှိဆုံး စာရင်းထဲတွင် ပါဝင်နေကြောင်း ဖော်ပြထားသည်။
- ၂၀၂၄ ခုနှစ်အတွင်း အာရှပစိဖိတ်ဒေ သ ၁၁ နိုင်ငံတွင်အင်တာနက်ဖြတ်တော က်မှု အဆိုးဝါဆုံးနိုင်ငံထဲတွင် မြန်မာ နိုင်ငံပါဝင်နေကြောင်း နယူးယောက်ခ်အခြေစိုက်ဒီဂျစ်တယ်လွတ်လွတ်ခွင့်စောင့်ကြည့်ရေးအဖွဲ့ Access Now အဖွဲ့က ဖော်ပြထားသည်။
“ရခိုင်ပြည်နယ်အတွင်း အတင်းအားဓမ္မနေရာရွေ့ပြောင်းခိုင်းမှုများ၊လေကြော င်းတိုက်ခိုက်မှုများရှိနေကြောင်း၊AA နှင့် မြန်မာစစ်တပ်အပါအဝင် ပဋိပက္ခတွင်ပါဝင်ပတ်သက်သူများအား အရပ်သားများကိုကာကွယ်ပေးရန်နှင့်လူ့အသက်ကိုလေးစားရန် တောင်းဆိုတိုက်တွန်းကြောင်း။ …အင်တာနက်နှင့်အခြားသောတယ်လီကွန်မြူနီကေးရှင်းများကိုလည်း ရခိုင်အပါအဝင် တနိုင်ငံလုံးတွင် ဖြတ်တောက်ထားကြောင်း၊လေကြော င်းတိုက်ခိုက်ခံရမှုမှကင်းဝေးရန်အတွ က်ဆိုသော်လည်း ဒေသခံလူထုမှာဆင်း ရဲဒုက္ခကိုပိုခံစားရစေကြောင်း၊သို့ဖြစ်၍ နယ်မြေဒေသကို ထိမ်းချုပ်ထားသူများအား အင်တာနက်နှင့်အခြားတယ်လီကွန်မြူနီကေးရှင်းများ ကိုပြန်ဖွင့်ပေးရန် မိမိတို့မှတောင်းဆိုကြောင်း” မြန်မာ နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဂျူလီဘိရှောခ့်၏အစီရင်ခံစာအပေါ်ကုလသမ ဂ္ဂအတွင်းရေးမှူးချုပ်၏ကြားနာမှုတွင် ကုလစီးပွားရေးနှင့်လူမှုရေးဆိုင်ရာကောင်စီဆိုင်ရာအမေရိကန်သံအမတ်ဂျိုးနသန်ရှရီယာက ဇွန်လ ၁၀ရက်နေ့က မှတ်ချက်ပြု ပြောကြားခဲ့သည်။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းရှိခြင်းကြောင်း အာရက္ခပြည်သူလူထုအတွက် အကျိုးရလဒ်မှာ အကောင်းနဲ့အဆိုးဒွန်တွဲ၍ ရင်ဆိုင်ရမည်ဖြစ်သည်။ အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းမရှိပါက အာရက္ခပြည်သူလူထုအတွက် အဆိုးရလဒ်ကိုသာရမည်ဖြစ်သည်။
အာရက္ခပြည်သူလူထုအတွက် အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းအား ယခင်ကာလများကဲ့သို့ သုံးစွဲခွင့်မှာအိပ်မက်ဆန်နေပြီဖြစ်သည်။ လက်တွေ့၌ကား ဖြစ်လာရန်မလွယ်တော့ပေ။
အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းသုံးစွဲမှုနှင့်ပတ်သက်၍လည်း လက်ဝါးကြီးအုပ်လိုသော စီးပွားရေးဆန်မှုများကိုလည်း အာရက္ခပြည်သူလူထုမှာ ခါးသီးဖွယ်ကြုံလာရအုံးမည်ဖြစ်သည်။
အင်တာနက်သုံးစွဲမှုမှာ လူသားအားလုံးအတွက် အခွင့်အရေးဖြစ်သော်လည်း အာရက္ခဒေသတွင် အခွင့်ထူးခံများ၏ အခွင့်အရေးဖြစ်နေပေသည်။
အင်တာနက်ဖြတ်တောက်ထားရုံဖြင့် လေကြောင်းတိုက်ခိုက်မှုကို လုံးဝကာကွယ်မည်ဟု အာရက္ခလူထုအတွက်အာမခံချက်ကို မည်သူကမှမပေးနိုင်ပေ။
အာရက္ခလူထုဘက်မှအင်တာနက်ဆက်သွယ်ရေးပြတ်တောက်မှုအခက်အခဲအ ပေါ်ညင်းညူသံထွက်လာတိုင်း “ပေါ်ပြူလစ်လူပြိန်းကြိုက်အုပ်စုများ” က လေကြောင်းတိုက်ခိုက်မှု၊ဒလန်တံဆိပ်
ကပ်မှုများဖြင့် ပြည်သူလူထုအသံမထွက်နိုင်အောင် ပါးစပ်ပေါက်များကို ဖိဆို့ထားကြသည်။
သို့ရာတွင် “အင်တာနက် ဖြတ်တောက်ထားရုံဖြင့် လေကြောင်းတိုက်ခိုက်မှုများကို လုံးဝကာကွယ်မည်ဟု အာမခံချက်မရှိကြောင်း” ကို ကမ္ဘာကြီးကသိမြင်ပေသည်။
ထိုပြင်အင်တာနက်၊ တယ်လီကွန်မြူနီကေးရှင်းဖြတ်တောက်မှုက ပြည်သူလူ ထုအပေါ် ဖိနှိပ်အနိုင်ကျင့်မှုများ၊ ရာဇဝတ်မှုများကို ဖုံးဖိရန်အခြေအနေမျိုးကို ဖြစ်စေသည်ကိုလည်း ကမ္ဘာကြီးက သိမြင်နေပေသည်။
သို့ဖြစ်၍ကမ္ဘာ့ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးဆိုင်ရာကောင်စီ၏အမေရိကန်သံအမတ်ဂျိုးနသန်ရှရီယာက “နယ်မြေဒေသကို ထိမ်းချုပ်ထားသူများအား အင်တာနက်နှင့် အခြားတယ်လီကွန်မြူနီကေးရှင်းများ ကိုပြန်ဖွင့်ပေးရန် မိမိတို့မှတောင်းဆိုကြောင်း” နိုင်ငံတကာစင်မြင့်ထက်တွင် ပြောကြားခဲ့ခြင်းဖြစ်ပေသည်။
Comments 28
amoxicillin price – combamoxi cheap amoxil for sale
buy amoxil sale – cheap amoxil for sale purchase amoxicillin generic
buy fluconazole 200mg online cheap – https://gpdifluca.com/# order forcan online
purchase forcan without prescription – https://gpdifluca.com/# diflucan for sale
order cenforce 100mg pills – cost cenforce 100mg buy cenforce 50mg generic
cenforce 50mg drug – buy cenforce online cheap purchase cenforce pills
cialis online pharmacy australia – https://ciltadgn.com/# can you purchase tadalafil in the us
cialis 100mg – ciltad gn cialis experience reddit
cialis manufacturer coupon lilly – https://strongtadafl.com/# buy tadalafil no prescription
cialis professional 20 lowest price – https://strongtadafl.com/# purchasing cialis
ranitidine 300mg cost – https://aranitidine.com/# buy zantac 300mg without prescription
sildenafil 50 mg – click viagra sale uk only
can you just buy viagra – buy cheap viagra uk online do they sale viagra
I couldn’t hold back commenting. Adequately written! https://buyfastonl.com/gabapentin.html
More posts like this would prosper the blogosphere more useful. https://gnolvade.com/es/provigil-espana-comprar/
This is the amicable of topic I enjoy reading. click
I’ll certainly bring to read more. https://buyfastonl.com/furosemide.html
More content pieces like this would urge the web better. https://ursxdol.com/augmentin-amoxiclav-pill/
Thanks for sharing. It’s outstrip quality. https://ursxdol.com/clomid-for-sale-50-mg/
Proof blog you be undergoing here.. It’s hard to espy strong calibre article like yours these days. I justifiably appreciate individuals like you! Go through vigilance!! https://prohnrg.com/product/metoprolol-25-mg-tablets/
More text pieces like this would create the интернет better. https://prohnrg.com/product/lisinopril-5-mg/
The thoroughness in this draft is noteworthy. cenforce 50 quand faut les prendre
I am actually thrilled to gleam at this blog posts which consists of tons of of use facts, thanks object of providing such data. https://ondactone.com/simvastatin/
Thanks on putting this up. It’s understandably done. https://ondactone.com/simvastatin/
This website exceedingly has all of the bumf and facts I needed there this case and didn’t know who to ask.
https://proisotrepl.com/product/clopidogrel/
More posts like this would create the online play more useful.
https://doxycyclinege.com/pro/metoclopramide/
Good blog you have here.. It’s severely to find elevated status belles-lettres like yours these days. I really comprehend individuals like you! Rent guardianship!! http://bbs.yongrenqianyou.com/home.php?mod=space&uid=4271946&do=profile
This is the description of glad I have reading. http://www.zgqsz.com/home.php?mod=space&uid=847613