မောင်တောမြို့က ဟိန္ဒူဘာသာဝင်တွေဟာ အရေပြားရောဂါတွေ ဖြစ်နေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေကြတယ် ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။
အဲဒီအရေပြားရောဂါဖြစ်နေကြတာမှာကလေးသူငယ်တွေပိုများပြီး အလုပ်အကိုင်တွေလည်းမရှိကြတာမို့ ဝင်ငွေမရှိကြလို့ ဆေးဝါးကုသဖို့၊ဆေးဝယ်ဖို့ငွေကြေးအခက်အခဲတွေရှိနေကြတယ်လို့ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ပြည်သူတွေလောက်
တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြသေးဘူးလို့ ဆိုကြပါတယ်။