ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းရှိနေအိမ်တချို့ပြိုပျက် (ဓာတ်ပုံသတင်း)

(ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကို မေလ ၂၉ ရက်နေ့ကတွေ့ရပုံ / BNA)

By

Border News Agency
ကော့ဘဇား၊ မေ ၃၀။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတချို့ဟာ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးတာ၊ ရေလျှံတာတွေဖြစ်ပြီး ဒုက္ခသညည်နေအိမ်ပြိုပျက်တာတွေ၊မြေပြိုတာတွေဖြစ်သွားခဲ့တယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့ရဲ့အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်ခဲ့ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့နေသလိုဒါကာမြို့ရဲ့အနောက် တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသတွေကို ဆက်လက်ဖြတ်ကျော်နေတယ်လို့ မိုးလေဝါသဌာနက မေလ ၃၀ ရက်၊ ဒီနေ့မနက်က ထုတ်ပြန်ထားပါတယ်။

အဲဒီမုန်တိုင်းငယ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မိုးတွေဆက်လက်ရွာသွန်းနေတာမို့ ဒုက္ခသည်စခန်းတွေမှာ မြေပြိုတာတွေ၊ရေလျှံတာတွေ၊ လူနေအိမ်တွေပြိုပျက်တာတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီဒုက္ခသည်စခန်းတွေမှာ အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတာမို့ နေရပ်ပြန်ခွင့်ရမယ့်နေ့ရက်တွေကို မျှော်လင့်စောင့်စားနေကြတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီရသေ့တောင်၊ဘူးသီးတောင်၊ မောင်တော သုံးမြို့နယ်မှာ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့်၂၀၁၇ သြဂုတ်လ၂၅ ရက်နေ့မှ၂၀၁၈ မတ်လထိ ရိုဟင်ဂျာကျေးရွာပေါင်း ၃၆ ၂ ရွာ မီးရှုံ့ခံခဲရပြီး ရိုဟင်ဂျာခြောက်သိန်းရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ လူ့အခွင့်အ ရေးစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၈ ခုနှ စ်၊မတ်လက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ခုချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်းတဆယ့်သုံးသိန်းခန့်ရှိနေပြီလို့ နိုင်ငံတကာအသိုင်းက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here