Border News Agency
စစ်တွေ၊ ဩဂုတ် ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေအားလုံးမှာ စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သြဂုတ်လ ၁၁ ရက်၊ ဒီနေ့ အာရက္ခတပ်တော်က အတည်ပြုပြောကြပါတယ်။
အာရက္ခတပ်တော်ရဲ့ဆယ်ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲအပေါ် အာရက္ခတပ်တော်ရဲ့သဘောထားကို တရားဝင်ထုတ်ပြောလာတာဖြစ်ပါတယ်။
“စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်လို့ရနိုင်ရင်လည်း ကျနော်တို့ထိန်းချုပ်ထားတဲ့နေ ရာတွေမှာတော့ ရွေးကောက်ပွဲလုပ်ခွင့်ရမှာမဟုတ်ပါဘူး။ဘာကြောင့်ဆိုတော့ ရခိုင်ပြည်မှာ ဗမာအစိုးရအဆက်ဆက်လုပ်ခဲ့ကြတဲ့ ရွေးကောက်ပွဲတွေဟာ ရ ခိုင်ပြည်သူတွေကို တစုံတရာ အကျိုး ပြုခဲ့ကြတာမရှိပါဘူး။ရခိုင်ပြည်သူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကို တယောက်မှ စိတ်မဝင်စားဆိုတာ သေချာပါတယ်။” လို့ အာရက္ခတပ်တော်(AA)ရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
စစ်ကော်မရှင်ဟာ စစ်တွေ၊ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်ကိုသာထိန်းချု ပ်ထားပေမယ့် ကျောက်ဖြူမြို့နယ်မှာစစ်ကော်မရှင်တပ်နဲ့အာရက္ခတပ်တော်ကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေသ လို စစ်တွေမြို့နယ်မှာလည်း နှစ်ဘက်စစ်ရေးတင်းမာနေကြပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲပြုလုပ်မယ့်လို့ထုတ်ပြ န်ထားပေမယ့် မာန်အောင်မြို့နယ်အပါအဝင်စစ်တွေ၊ကျောက်ဖြူစတဲ့မြို့ပေါ်နေရာတွေမှာသာလုပ်လို့ရနိုင်မယ်လို့ပြည်သူတွေက ဆိုကြပါတယ်။
ဒါပေမယ့်အရပ်သားပြည်သူတွေဟာ စ စ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲကို စိတ်မဝင်စားကြသလို ရွေးကောက် ပွဲဝင်မယ့်ပါတီတွေလည်း လုံခြုံရေးအာမခံချက်ရှိမှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။
“ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကိုအခြေပြုပြီးလုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထုထောက်ခံမှုမရှိတဲ့ရွေးကော က်ပွဲဟာပြည်သူအတွက်အကျိုးမဖြစ်နိုင်သလို ရှုပ်ထွေးမှုကိုသာပိုဖြစ်စေဖို့လို့မြင်ပါတယ်။ရခိုင်ပြည်သူတွေလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။” လို့ အာရက္ခတပ်တော်(AA)ရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌဟောင်းဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီ(AFP)အပါအဝင် ရခိုင်အခြေစိုက်ပါတီခြောက်ခုထိမှတ်ပုံတင်ထားကြပေမယ့်ပြည်သူလူထုကိုကိုယ်စားမပြုကြဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြ ည်နယ်အမျိုးသားအင်အားစုပါတီ(RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(AN P)ရဲ့ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။
Comments 3
https://cz.pinterest.com/bigcitylife111/%D0%B2%D0%B8%D0%BD%D1%8C%D0%B5%D0%BA%D1%82%D0%B8/
Купить шарики с гелием — это простое и эффектное решение для любого мероприятия. Такие шарики придают особую атмосферу и радость любому торжеству.
[url=https://shariki-s-geliem.ru/]Шарики с гелием купить[/url] для вашего праздника!
Гелиевые шарики могут быть различных форм, размеров и цветов. Выбор включает как простые однотонные шарики, так и яркие с рисунками, что позволяет легко адаптировать их под ваше событие.
Шарики с гелием доступны как в офлайн-магазинах, так и в интернет-магазинах. Онлайн-покупка часто бывает более удобной и быстрой.
Важно учитывать меры безопасности при работе с гелиевым наполнителем. Убедитесь, что шарики не попадают в воду и не оставляются без присмотра.
https://www.seznam.cz/profil/slava-norm-710e6f931365e13f54d8c3ce44cb9d7ec0a87c4aa5295d1069e6