အာရက္ခဒေသ၏ စားနပ်ရိက္ခာအကျပ် အတည်းကို မည်သည့်မဟာဗျူဟာဖြင့်ဖြေရှင်းကြမည်နည်း
ဇာနည်ရေးသည်။ BNA၊ Article စားနပ်ရိက္ခာသည် ဒေသ၊နိုင်ငံတိုင်းအတွက်အရေးပါဆုံးအခန်းကဏ္ဍမှပါဝင်နေသကဲ့သို့ လူ့အသက်ပေါင်းများစွာ၏ဘဝနှင့်လည်း ဆက်စပ်နေပေသည်။ ထို့ကြောင့်လည်း ယနေ့ကမ္ဘာတွင်အစိုးရများ၊ကော်ပိုရေးရှင်းကြီးများ၊ကုမ္ပဏီများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဒေသတွင်းအဖွဲ့အစည်းများသည် စားနပ်ရိက္ခာအရေးအတွက် ပိုမိုအလေးပေး လုပ်ဆောင်လာကြခြင်းဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းခြောက်ဆယ်ခန့်သည် စားသောက်ကုန်များကို မိမိတို့ဘာသာဖူလုံအောင် ထုတ်လုပ်နိုင်သောအရင်းအမြစ်များမရှိကြပေ။စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံတကာကို မှီခိုနေကြရပေသည််။မြန်မာနိုင်ငံသည် ...