Tag: Arakan Army

ဂွမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကျန်လက်နက်ဗုံးကြောင်း သုံးဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

ဂွမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကျန်လက်နက်ဗုံးကြောင်း သုံးဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

(ဂွမြို့နယ်တွင် စစ်ကျန်လက်နက်​ကြောင့် ထိခိုက်သူဒါဇင်နဲ့ချီရှိလာ) ဂွမြို့နယ်မှာ ​ဖေ​ဖော်ဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စစ်ကျန်လက်နက်ဗုံးကို ဆော့ကစားရာမှာပေါက်ကွဲပြီး အသက် ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှ အသက် ...

အာရက္ခပြည်သူတွေကို အပြုသဘောဆောင်စည်းရုံးသင့်

အာရက္ခပြည်သူတွေကို အပြုသဘောဆောင်စည်းရုံးသင့်

အာရက္ခတပ်တော်(AA)က မောင်တောဒေသခံပြည်သူတွေကို ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာတွေမှာ ပြည်သူ လူထုကို အပြုသဘောဆောင်စည်းရုံးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ဟာ မောင်တောဒေသကအရပ်သားပြည်သူတချို့အပါအဝင် မြိုလူမျိုးတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ ပြောဆိုမှုတွေများလာပြီးနောက် အာရက္ခတပ်တော်က ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာလို့ ဆိုပါတယ်။ အဲဒီလိုခေါ်ယူချိန်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တချို့ဟာ ...

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပိုမိုနေရာပေးသင့်

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပိုမိုနေရာပေးသင့်

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးတွေလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုပြန်လည်တည်ဆောက်ရေးတွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပိုမိုနေရာပေးသင့်သလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီး အခွင့်အရေးတွေဖော်ဆောင်ပေးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။ "ဘယ်မြို့၊ဘယ်ဒေသမှာမဆို CSOs နဲ့ အရပ်ဖက်အဖွဲ့အစည်းက အရေးကြီးပါတယ်။ ...

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ကလေးငယ်တဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ကလေးငယ်တဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းနင်းမိလို့ အသက်မပြည့်သေးတဲ့ကလေးတဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ ဇားဂုံးနားကျေးရွာကအီဆုပ်ရဲ့သား၊ အသက်ခုနှစ်နှစ်အရွယ်ကုရ်ရှိတ်အာလာမှာညာဖက်ခြေထောက်တဖက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ကုရ်ရှိတ်အာလာဟာ သူနေအိမ်ထက်ကနေအိမ်အောက်သို့ဆင်းတဲ့အခါ အိမ်အောက်မှာစစ်ကောင်စီတပ်ထားခဲ့တဲ့မိုင်းနင်းမိပြီးခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မြောက်ဦးမြို့၊အောင်မင်္ဂလာရပ်ကွက်မှအမျိုးသမီးတဦးတောင်သို့ထင်ခုတ်သွားစဥ် ...

စစ်တွေမြို့အနီးမှာ နှစ်ဘက်စစ်ရေးတင်းမာနေ

စစ်တွေမြို့အနီးမှာ နှစ်ဘက်စစ်ရေးတင်းမာနေ

ဒေသကွပ်ကွဲရေးစစ်ဌာနချုပ်တည်ရှိတဲ့ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်လက်နက်ကြီး၊စနိုက်ပါ၊ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေခဲ့တယ်လို့ အာရက္ခတပ်တော်က ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီစစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကို ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံး​ကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။ ...

မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်ဆက်လက်တိုက်ခိုက်နေ

မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်ဆက်လက်တိုက်ခိုက်နေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး၊ အမ်း-ပဒါန်းကားလမ်းမထက်မှာ ဇန်နဝါရီလ၂၇ ရက်နေ့ထိစစ်ကောင်စီတပ်ရဲ့တပ်မ ၉၉ လက်အောက်ခံ၊အမှတ် ၄၁၉ ခြေမြန်တပ်ရင်း၊ အမှတ် ၁၄ တပ်ရင်းမှပူးပေါင်းစစ်ကြောင်းတွေကိုအာရက္ခတပ်တော် (AA) က ဆက်လက်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုဆက်လက်မခုခံနိုင်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငဖဲမြို့နယ်၊ဂုတ်စီးရိုးကျေးရွာဖက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။ ...

Page 9 of 9 1 8 9

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here