မောင်တောမှာ စစ်ကျန်ဗုံးပေါက်ကွဲလို အရပ်သားနှစ်ဦးဒဏ်ရာရ

Photo – AA

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ ဒုချရားတန်းကျေးရွာမှာ မတ်လ ၂၈ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က စစ်ကျန်ဗုံးသီးကိုထုကစားရာမှာ ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားနှစ်ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတ ယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီဒုချရားတန်းကျေးရွာက အသက် ၂၀ အရွယ်မာန်ကောက်မှာနားနှစ်ဖက်ထိသွားခဲ့ပြီး အသက်ဆယ့်ငါးနှစ်အရွယ်နေလင်းဟိန်းမှာ လက်သုံးချောင်းပြတ်ထွက်သွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။

သူတို့ဟာ ရွာပြင်ကနေကောက်ယူလာတဲ့ စစ်ကျန်ဗုံးကို ဓားနဲ့ထုခွဲကြည့်ရာမှာ ခုလိုဒဏ်ရာရသွားတာဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ ရွာ သားတွေကဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ မတ်လ ၂၅ ရက်၊နေ့လည် ၁၁ နာရီကျော်အချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ဦးမောင်သိန်းအောင်ရဲ့သားအသက်ငါးဆယ်ခုနှစ်နှစ်အရွယ်ဦးပိန်ညို မှာညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ပါတယ်။

အဲဒီမောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခတပ်တော်က မိုင်းရှင်းရေးတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

ဒါပေမယ့် အရပ်သားပြည်သူတွေက တော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိ
ခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းကြုံ တွေ့နေကြရတယ်လို့လည်း မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့၊ လသာရပ်ကွက်၊ ရွှေဇား၊ ရွှေဇား(ဂုံးနား)၊ အီတာလျာ၊ ကမ်းပိုင်းနား၊ ကပ်ဘေး၊ စေတီပြင် စတဲ့ ကျေးရွာတွေမှာ ဖေဖော်ဝါရီလဒုတိယအပတ်ကစပြီး အာရက္ခတပ်တော်က မိုင်းရှင်း လင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းရှင်းလင်းရေးလုပ်နေတဲ့အချိန် လူနေအိမ်ခြံဝန်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းသုံးဆယ်ကျော်ကို အာရက္ခတပ်တော်ရဲ့မိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here