မောင်တောမှာ အမျိုးသမီးငယ်တဦး သတ်မှုသံသယရှိသူနှစ်ဦးကို စစ်ဆေးနေ

(ဓာတ်ပုံ – မောင်တောမြို့အဝင်ကားလမ်း / BNA)

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊သရက်အုပ်ကျေးရွာအုပ်စု၊အရှိတ်ဂျာမွတ်ဆလင်ရွာက အသက် ၁၂ နှစ်အရွယ်မွတ်ဆလင်အမျိုးသမီးငယ်တဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့မှုသံသယရှိသူမွတ်ဆလင်အမျိုးသားနှစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖမ်းဆီးစစ်ဆေးနေတယ်လို့မိသားစုဝင်တွေနဲ့ကျေးရွာသားတွေက အတည်ပြုကြပါတယ်။

အဲဒီအသက် ၁၂ နှစ်အရွယ်အမျိုးသမီးငယ်ဟာ ဧပြီလ ၂ ရက်နေ့ကအစ္စလာမ်ဘာသာဝင်တွေရဲ့ ပွဲတော်နောက်ဆုံးနေ့က ကျေးရွာအတွင်းရွှေထည်တချို့ဝတ်ဆင်သွားလာနေတုန်း ညနေ ၃ နာရီအချိန်ခန့်မှာ ပျောက်ဆုံးသွားခဲ့တာလို့မိသာစုဝင်တွေနဲ့ကျေးရွာသားတွေ ဆိုကြပါတယ်။

အဲဒီနောက် မိန်းကလေးငယ်အလောင်းကို ထိုးသွင်းဒဏ်ရာတွေနဲ့နယ်စပ်ခြံစည်ရိုးအနားမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ကျေးရွာသားတွေက ဆိုကြပါတယ်။

“ဝမ်းဗိုက်ချက်အောက်မှာ ထိုးသွင်းဒဏ်ရာနဲ့ရွာအနီးနယ်စပ်ခြံစည်းရိုးနားမှာ အလောင်းကိုတွေ့ခဲ့တာပါ။ပြစ်မှုကျူးလွန်သူတွေကိုတော့ အေအေကဖမ်းဆီးသွားပါတယ်။” လို့ ကျေးရွာသားတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ အာရက္ခ-ဘင်္ဂလာနယ်စပ်မောင်တောမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်က လုံခြုံရေးအပြည်ံ့အဝမဆောင်ရွက်နိုင်သေးသလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းသမားတွေကိုလည်း အပြီးသတ်မရှင်းလင်းနိုင်သေးဘူးတာမို့ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့ပြီး စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမိန်းကလေးငယ်ကို လုယက်သတ်ဖြတ်ခဲ့ကြသူတွေဟာ မူးယစ်ဆေးဝါးသုံးစွဲထားသူတွေဖြစ်ပြီး မိန်းကလေးငယ်ဝတ်ဆင်ထားခဲ့တဲ့ရွှေထည်နှစ်ကျပ်သားကို ဖမ်းဆီးချိန်မှာ ပြန်မရဘူးလို့ မိသားစုဝင်တွေနဲ့ကျေးရွာသားတွေက အတည်ပြုကြပါတယ်။

“အဓိက မူးယစ်ဆေးပြဿနာလို့မြင်တယ်။မူးယစ်ဆေးတွေ ပေါပေါများများဝယ်လို့၊သုံးစွဲလို့ရနေတယ်။အဲဒီရဲ့နောက်ဆက်တွဲက ခုလို လူသတ်တဲ့ထိဖြစ်လာတယ်။မိန်းကလေးတွေရဲ့လုံခြုံမှုက စိုးရိမ်စရာပိုကောင်းလာတယ်။”လို့ ရွာလူကြီးတဦးက Border News Agencyကို ပြောပါတယ်။

အဲဒီကျေးရွာဟာ မောင်တောမြို့နယ်၊မြောက်ဖက်၊နတ်မြစ်ကမ်းအနီးမှာတည်ရှိပြီး အာရက္ခတပ်တော်(AA) ရဲ့တပ်မဟာ ၂ ထိန်းချုပ်အုပ်ချုပ်မှုအောက်ရှိမှာပါဝင်သလို အဲဒီနယ်မြေတွေမှာ မူးယစ်ဆေးဝါးသယ်ယူရောင်းချနေကြတာတွေ၊နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေလည်း မကြာခဏဖြစ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် အကြမ်းဖက်သမားတွေအပါအဝင် မူးယစ်းဆေးဝါးသယ်ယူရောင်းချပြုလုပ်နေကြသူတွေဟာ အရပ်သားပြည်သူတွေ စိုးရိမ်ထိတ်လန့်အောင်သတင်းမှားတွေ၊ ဝါဒဖြန့်တာတွေ ပြုလုပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here