ဝင်ရောက်စွက်ဖက်ဆောင်ရွက်မှုအား ခွင့်ပြုပေးရခြင်းနှင့်ကျူးကျော်ခံရခြင်း

မောင်တူရေးသည်။

ဝင်ရောက်စွက်ဖက်ဆောင်ရွက်မှုအား ခွင့်ပြုပေးရခြင်းနှင့်ကျူးကျော်ခံရခြင်းသည် မတူပေ။လူ့သဘာဝတွင် တစ်ဦးတည်းဖြေရှင်းရန်မတတ်နိုင်သည့်ကိစ္စရပ်များ၌ အခြားသူများထံမှအကူအညီကိုယူရသည့်ဖြစ်စဉ်များရှိသည်။ နိုင်ငံများ၊လူ့အသိုက်အမြုံများတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

တစ်နိုင်ငံတည်းဖြေရှင်းရန် မတတ်နိုင်သော ဖြစ်စဉ်များတွင်လည်းအခြားနိုင်ငံများ၏ အကူအညီကိုရယူကြရသည်။

လူတစ်ဦးတွင် မိမိ၏ကိစ္စရပ်ပြဿနာသည် မိမိ၏အတွင်းစည်းအဝိုင်းအဝန်းဖြစ်သည်။အခြားသူတစ်ဦးအား မိမိ၏ကိစ္စရပ်ပြဿနာအပေါ် ကိုင်တွယ်ပေးရန်တံခါးဖွင့်ပေးရခြင်းသည် မိမိ၏အ တွင်းစည်းအဝိုင်းအဝန်းသို့ ဝင်ရောက်ရန်လက်ခံပေးရသည့် သဘောလည်းဖြစ်သည်။

မိမိ၏အတွင်းစည်းအဝိုင်းအဝန်းဟူသည် နိုင်ငံတစ်နိုင်ငံ၊လူ့အသိုက်အမြုံတစ်ခုအတွက်ပြောရပါမူ ထိုနိုင်ငံ၊ထိုလူ့အသိုက်အမြုံ၏ အချုပ်အခြာအာဏာနယ်ပါယ်ပင်ဖြစ်သည်။

အခြားနိုင်ငံ၊အခြားလူ့အသိုက်အမြုံများမှ အကူအညီကိုရယူရသည့်သဘောသည် နိုင်ငံတစ်ခု၊လူ့အသိုက်အမြုံတစ်ခုအနေဖြင့် မိမိ၏အချုပ်အခြာ အာဏာအဝိုင်းအဝန်း၏ ကိစ္စရပ်အပေါ် အခြားအချုပ်အခြာအာဏာများကို “ဝင်ရောက်စွက်ဖက်ဆောင်ရွက်ရန်ခွင့်ပြုပေးလိုက်ရသည့်သဘောဖြစ်သည်။”

ဝင်ရောက်ဆောင်ရွက်ခြင်းစံနှုန်းနှင့်အချုပ်အခြာအာဏာစံနှုန်းကြားလွန်ဆွဲမှု

နိုင်ငံတစ်ခု၊လူ့အသိုက်အမြုံတစ်ခု၏ အချုပ်အခြာအာဏာဟူသည် ထိုနိုင်ငံ၊ထိုလူ့အသိုက်အမြုံ၏ ပြည်သူလူထုများအား ဘေးကင်းလုံခြုံသာယာဝပြောရန်ဆောင်ရွက်ရမည့် တာဝန်ရှိသည်။

ထိုတာဝန်ကိုဆောင်ရွက်ရန် မိမိတစ်ဦးတည်းမတတ်နိုင်ပါက အခြားအချုပ်အခြာအာဏာများ၏ အကူအညီကိုရယူရသည်။ (အချုပ်အခြာအာဏာသဘောသဘာဝအား လီဗီးယားသhttps://bnanews.net/articles/3914/န်တွင် ဖတ်နိုင်ပါသည်။)

အချုပ်အခြာအာဏာ၏သဘောတွင် မိမိကိစ္စအပေါ် မိမိဖာသာဆုံးဖြတ်မှု တနည်းအားဖြင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်သဘောသည်ပါသည်။တပါးသူ၏ကိစ္စရပ်အပေါ် ဝင်ရောက်စွက်ဖက်ခြင်းသည် မူလသဘောအရဆိုလျှင် လူ သားစံနှုန်းအရ ရိုင်းစိုင်းသောအပြုအမှုဖြစ်သည်။

ထိုအတူ နိုင်ငံတစ်ခု၊လူ့အသိုက်အမြုံ တစ်ခု၏ကိုယ့်ကိစ္စအပေါ် ကိုယ့်ဖာသာဆုံးဖြတ်မှုကို အခြားသောနိုင်ငံတစ်ခု၊လူ့အသိုက်အမြုံတစ်ခုမှ ဝင်ရောက်စွက်ဖက်ခြင်းသည်လည်း ရိုင်းသောအပြုအမှုဖြစ်သည်

သို့ရာတွင် လူတစ်ဦးဖြစ်စေ၊နိုင်ငံတစ်ခု၊ လူ့အသိုက်အမြုံ တစ်ခုဖြစ်စေ…

  • ၁။ မိမိကိစ္စရပ်ပြဿနာအား မိမိဖာသာ ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲရှိနေသောအခါ…။
  • ၂။ မိမိ၏ကိစ္စရပ်ပြဿနာသည် အခြားသူတစ်ဦးကိုဖြစ်စေ၊အခြားနိုင်ငံ၊အခြားလူ့အသိုက်အမြုံတစ်ခုကိုဖြစ်စေထိခိုက်မှုရှိနေသောအခါ…။

ထိုကဲ့သို့ကိစ္စရပ်များ၌ မိမိကိစ္စရပ်ဖြစ်၍ မိမိပြဿနာအား မိမိဖာသာဆုံးဖြတ်ကိုင်တွယ်ယုံဖြင့် မလုံလောက်တော့ချေ။

ထိုအခါ အခြားသောသူများ၏အကူအညီကိုရယူရန်အတွက် မိမိ၏အတွင်းစည်းအဝိုင်းအဝန်းထဲသို့ ဝင်လာရန် တံခါးဖွင့်ပေးရတော့သည်။

ကျင့်ဝတ်ဘက်မှကြည့်လျှင်လည်း လူတစ်ဦးဖြစ်စေ၊နိုင်ငံတစ်ခုလူ့အသိုက်အမြုံတစ်ခုဖြစ်စေ အခြားသူတစ်ဦးဦးကို ကိုယ့်ကြောင့် ဝန်ထုတ်ဝန်ပိုး အခက်အခဲမဖြစ်စေသင့်ပေ။

ထိုပြင် လူတစ်ဦးဖြစ်စေ၊နိုင်ငံတစ်ခု လူ့အသိုက်အမြုံတစ်ခုဖြစ်စေ အခက်အခဲဖြစ်နေသူအား ကိုယ်တတ်နိုင်သလောက်ဖေးမကူညီရန်တာဝန်လည်းလူ့လောကကျင့်ဝတ်အရရှိနေသေးသည်ပင်။

တလွဲတချော်ဇာတိမာန်နှင့်လိုတမျိုးမလိုတမျိုးအမူအကျင့်

မြန်မာ့လူ့ဘောင်၏ အုပ်ချုပ်သူအဆက်ဆက်သည် အနှစ်သာရအားဖြင့် “အချုပ်အခြာအာဏာ” အား ပြည်သူလူထုပိုင်သောအရာဆိုသည့်ဘက်မှအဓိပ္ပါယ်ဖွင့်ဆိုမှုပျောက်ဆုံးနေခဲ့သော လူ့ဘော င်တစ်ခုလည်းဖြစ်သည်။

အကျိုးဆက်အနေဖြင့်“အချုပ်အခြာ အာဏာကိစ္စ” အား နိုင်ငံရေးကိစ္စဟူမြင်ပြီး နိုင်ငံရေးကိုကား “မိမိ၏အသက်ရှင်ရပ်တည်မှုကိစ္စ၊ မိမိစားဝတ်နေရေးကိစ္စ” ဟု မမြင်သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဤသို့ဖြင့် မိမိ၏ကိစ္စကို မိမိနားမလည်နိုင်အောင်ပြုထားသည့် အတွေးအခေါ်များဖြင့် ဒစ်လည်နေသော လူ့ဘောင်တစ်ရပ်အတွက် “အခက်အခဲဖြစ်လာသည့်အချိန်တွင် ကိုယ့်ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန်မှာလည်း အတားအဆီးများကို ရင်ဆိုင်နေရမည်ဖြစ်သည်။

ပညာရေး၊ကျန်းမာရေး၊လူမှုစီးပွားဘဝအရေးနှင့်အာဏာအင်စတီကျူးရှင်းကိစ္စများသည် အချုပ်အခြာအာဏာကိစ္စများဖြစ်သည်။

မြန်မာ့လူ့ဘောင်၏အုပ်ချုပ်သူများသည် ပညာရေးတွင် ကုလသမဂ္ဂ၊နိုင်ငံတ ကာအဖွဲ့အစည်းဖြစ်သော ယူနီဆက်မှထောက်ပံနေခြင်း၊ကျန်းမာရေးတွင် WHOမှထောက်ပံ့နေခြင်း၊အခြားလူမှုစီးပွားဘဝအရေးများနှင့်အခြေခံအဆောက်အအုံများကိစ္စများတွင် WFP၊ FAO၊UNDP၊ICRC၊ILO စသည့်အဖွဲ့အစည်းများမှ ထောက်ပံနေခြင်းစသည်များကိုကား အခြားအချုပ်အခြာအာ ဏာမှမိမိတို့၏အချုပ်အခြာအာဏာအား “ဝင်ရောက်စွက်ဖက်ဆောင်ရွက်ခြ င်းကိုခွင်ပြုပေးရခြင်း” အဖြစ်ပုံဖော်လေ့ သိပ်မရှိကြချေ။

“လူ့အခွင့်အရေး၊တရားမျှတမှု၊လူမျိုးစုငယ်များ၏တန်းတူညီမျှမှု”များနှင့်ပတ်သက်၍”အာဏာအင်စတီကျူးရှင်းများအပေါ် နိုင်ငံတကာအဖွဲ့အစည်းများဘက်မှ ပြုပြင်ပြောင်းလဲရန် တိုက် တွန်းလာသည့်အခါတွင်တော့ မြန်မာ့လူ့ဘောင်၏အုပ်ချုပ်သူများသည်”မိမိတို့၏အချုပ်အခြာအာဏာ၊မိမိတို့ပြည်တွင်းရေးအား မိမိတို့ဆုံးဖြတ်ခွင့်” စသဖြင့်အသံထွက်ပြကာ”ကျူးကျော်ထိပါးမှုအဖြစ်ပင် တံဆိပ်ကပ်”၍ ငြင်းဆန်ပါယ်ချတတ်ကြသည်။

ဥပမာ- ICC၊ ICJ စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ တရားမျှတမှုအတွက် ဝင်ရောက်ကိုင်တွယ်လာသောအခါ မြန်မာလူ့ဘောင်၏အုပ်ချုပ်သူများသည် မိမိတို့၏ပြည်တွင်းရေးကိစ္စအပေါ် ” မိမိတို့၏အချုပ်အခြာအာဏာ၊မိမိတို့ပြည်တွင်းရေးအား မိမိတို့ဆုံးဖြတ်ခွင့်” ဆိုသည့် စကားလုံးများဖြင့်အကြောင်း ပြခုခံတတ်ကြသည်။

သဘောတရားအရပညာရေးတွင်အ ခြားသူများ၏အကူအညီကိုယူရခြင်းသည် မိမိတို့၏ပညာရေးအချုပ်အခြာ အာဏာတွင် အခြားအချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ဆောင်ရွက်ရန်ခွင့်ပြုပေးထားရခြင်းဖြစ်သည်။

ကျန်းမာရေး၊စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကိစ္စရပ်များတွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။

လက်ရှိ ၂၀၂၅ခုနှစ်၊ငလျင်ကာလတွင် ကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ အကူအညီများလာရောက်သည့်ကိစ္စသည်လည်း သဘောတရားအရအတူတူဖြစ်သည်။

မြန်မာလူ့အသိုက်အမြုံ၏အချုပ်အခြာအာဏာသည် ပြည်သူလူထုကို ပြန်လည်ကယ်ဆယ်ရန် တာဝန်ရှိသည်။

သို့ရာတွင် လက်ရှိအနေအထားအရ မြန်မာ့လူ့အသိုက်အမြုံ၏အချုပ်အခြာအာဏာသည် မိမိတို့ရင်ဆိုင်ရသော ငလျင်ဒဏ်ကို မိမိဖာသာ မိမိဆုံးဖြတ်ချက်၊မိမိအင်အားဖြင့်ဆောင်ရွက်ရန်လုံလော က်သောစွမ်းရည်မရှိပေ။

သို့ဖြစ်၍နိုင်ငံတကာ၏အကူအညီကို ယူရတော့သည်။ဤသို့အခြေအနေမျိုးတွင် မြန်မာလူ့ဘောင်အပေါ် အုပ်ချုပ်သူဘက်မှ “မိမိတို့ပြည်တွင်းရေးကိစ္စ၊ပြင်ပမှလာရောက်စွက်ဖက်စရာမလို” ဟူသော အသံများမထွက်တော့ချေ။

ဤဖြစ်စဉ်များအပေါ် ကောက်ချက်ပြုရလျှင် မြန်မာလူ့ဘောင်၏အုပ်ချုပ်သူအဆက်ဆက်သည် “နိုင်ငံတကာမှဝင်ရောက်စွက်ဖက်ဆောင်ရွက်ခြင်း”နှင့်“ဇာတိမာန်” များအပေါ် အဓိပ္ပါယ်ဖွင့်ဆိုရာ၌ ပြည်သူလူထုအတွက်အနှစ်သာရရှိရှိဖွင့်ဆိုကာ ဆောင်ရွက်ရန်ပျက်ကွက်နေမှုရှိနေဆဲဖြစ်သည်။

“နိုင်ငံတကာစံနှုန်းအရဝင်ရောက်စွက်ဖက်ဆောင်ရွက်ခြင်း”၏ အခြေခံသဘောတရားတွင်” ပြည်သူလူထု၏အကျိုးစီးပွားအတွက်”ဖြစ်ရမည်ဟူသောအချက်ပါဝင်ပါသည်။

“အချုပ်အခြာအာဏာတစ်ခုသည် သူ၏ပြည်သူလူထုအားကာကွယ်ရန် ပျက်ကွက်လျှင် အခြားသောအချုပ်အခြာအာဏာများက ထိုအကာအကွယ်လိုအပ်နေသောပြည်သူလူထုကို ဝိုင်းဝန်းကာကွယ်ရန်တာဝန်ရှိသည်ဟူသောဖွင့်ဆိုချက်မျိုးအပေါ် မြန်မာ့လူ့ဘောင်၏အုပ်ချုပ်သူအဆက်ဆက်သည် ပြည်သူလူထုအားချပြရန် ပျက်ကွက်နေဆဲဖြစ်သည်။”

နိုင်ငံတကာမှဝင်ရောက်စွက်ဖက်မှုအခြေခံစံနှုန်း

နိုင်ငံတကာစံနှုန်းအရ အခြားနိုင်ငံအ ခြားလူမှုအသိုက်အမြုံတစ်ခု၏အချုပ်အခြာအာဏာပြည်တွင်းရေးပြဿနာများကို ဝင်ရောက်စွက်ဖက်မှုသည် “စွက်ဖက်ခံရသောထိုနိုင်ငံထိုလူမှုအသို က်အမြုံထဲတွင်” ၎င်းတို့၏အချုပ်အခြာအာဏာအားတည်ငြိမ်အေးချမ်းစွာ ပြန်လည်ထူထောင်နိုင်ရန်”နှင့် “မိမိကိစ္စအားမိမိဖာသာရပ်တည်ဖြေရှင်းနိုင်ရန်” အတွက်အကူအညီပေးခြင်းဖြစ်သည်။

ထိုသို့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် “အစွက်ဖက်ခံရသောနိုင်ငံ၊လူ့အသိုက်အမြုံ၏ စံနှုန်းတန်ဖိုးများအောက်မှ ဆောင်ရွက်နိုင်ချေရှိခြင်း၊မရှိခြင်း” ကို အရင်စဉ်းစားသည်။

အကယ်၍မရှိခဲ့လျှင် “နိုင်ငံတကာစံနှုန်းတန်ဖိုးများ” အောက်မှအကောင်အထည်ဖော်ရန် စဉ်းစားသည်။

အာရက္ခလူ့ဘောင်နှင့်နိုင်ငံတကာမှဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုပေးရခြင်း

အာရက္ခလူ့ဘောင်၏ ပြည်သူလူထုသ ည်လည်း အချုပ်အခြာအာဏာဆိုင်ရာကိစ္စအပေါ် မိမိတို့၏ စားဝတ်နေရေးကိစ္စဟု လေးလေးနက်နက်သဘောပေါက်မှုအားနည်းနေဆဲဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ပြန်လည်ထူထောင်ရေး၊နေရပ်စွန့်ခွာဒုက္ခသည် အရေးများသည်အာရက္ခလူ့ဘောင်၏အတွင်းစည်း အဝိုင်းအဝန်းကိစ္စများဖြစ်သည်။

ထိုအရေးများနှင့်ပတ်သက်၍ အာရက္ခလူ့ဘောင်သည် …

  • ၁။ မိမိကိစ္စရပ်ပြဿနာအား မိမိဖာသာကိုင်တွယ်ဖြေရှင်းရန်အခက်အခဲများရှိနေလျှင်လည်းကောင်း။
  • ၂။ မိမိ၏ကိစ္စရပ်ပြဿနာသည်အခြားသူတစ်ဦးကိုဖြစ်စေ၊အခြားနိုင်ငံအခြားလူ့အသိုက်အမြုံတစ်ခုကိုဖြစ်စေ ထိခိုက်မှုဖြစ်နေလျှင်လည်းကောင်း၊အခြားသောအချုပ်အခြာအာဏာများထံမှ အကူအညီကိုတောင်းခံ၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုပေးရမည်ဖြစ်သည်။

ဥပမာ- “မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခံရမှုများအတွက် ULA ၏ ၁၅.၅.၂၀၂၃ ရက်နေ့ ကြေညာချက် အမှတ် ၂/၂၀၂၃ ဖြင့် ကမ္ဘာ့နိုင်ငံကြီးများ၊အာဆီယံနိုင်ငံများ၊နိုင်ငံတကာအ ဖွဲ့အစည်းများမှအမိုးအကာများ၊ဆေးဝါးများ၊စားနပ်ရိက္ခာများနှင့်အရေးပေါ်  အကူအညီများကို “အားကိုးတကြီး” တောင်းခံခဲ့ရသည်။

မောင်တောစစ်ဘေးရှောင်များအတွက် လိုအပ်သောဆေးဝါးများကို အကူအညီပေးရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၁၆.၈.၂၀၂၄ ရက်နေ့တွင် နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများကို အကူအ ညီတောင်းခံခဲ့ရသည်။

ULA/AA၏ ၂၄.၅.၂၀၂၄ ရက်နေ့ကြေ ညာချက်အမှတ် ၁၀/၂၀၂၄ တွင်လည်း စစ်ဘေးရှောင်များအတွက် လိုအပ်နေသော အကူအညီကို နိုင်ငံတကာသို့ တောင်းခံထားသည်။”

“စစ်တပ်မှကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍လည်း ULA/AA ၏ ၁၄.၂.၂၀၂၀ ရက်နေ့ကြေညာချက်တွင် နိုင်ငံတကာမိသားစုများမှ မြန်မာ့တပ်မတော်မှကျူးလွန်နေသောလုပ်ရ ပ်များနှင့်မတရားမှုများကို လက်ပိုက်ကြည့်မနေဘဲ တရားမျှတမှုနှင့်အမှန်တရားပေါ်ပေါက်ရေးအတွက်ကူညီဆောင်ရွက်ပေးကြပါရန်၊ပြစ်မှုကျူးလွန်သူများကို စောင့်ကြည့်ပေး၍တားမြစ်ပေးခြင်း၊အရေးယူပေးခြင်းပြုလုပ်ပေးပါရန် ပြည်သူလူထုကိုယ်စား ULA/AA မှ အကူအညီတောင်းခံကြောင်း” ဖော်ပြထားသည်။

ထိုပြင် ၁၃.၃.၂၀၂၀ရက်နေ့ ULA/AA ၏ကြေညာချက်တွင် “မြန်မာ့တပ်မတော်၏ ရခိုင်ဒေသတွင်းအရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊သ တ်ဖြတ်ခြင်းအပါအဝင် လူမျိုးရေးအမုန်းတရားဖြင့် ဆိုးဝါးသောရာဇဝတ်မှုကျူးလွန်ခြင်းများကို နိုင်ငံတကာအဖွဲ့အစည်းများဘက်မှထိရောက်စွာတား မြစ်အရေးယူပေးရန်မေတ္တာရပ်ခံကြောင်း” ကို ဖော်ပြထားသည်။

ဤသို့ဖြင့်အာရက္ခလူ့ဘောင်သည် မိမိ၏အရေးကိစ္စအား မိမိဖာသာကိုင်တွယ်ဖြေရှင်းရန်မတတ်နိုင်သောအခြေအနေမျိုးတွင် နိုင်ငံတကာမှစွက်ဖက်ဝင်ရောက်ကူညီရန် တောင်းခံမှုရှိခဲ့သည်။

အနာဂတ်ကာလ၌လည်း ပြန်လည်ထူထောင်ရမည့် နယ်ပါယ်အသီးသီး လုပ်ငန်းစဉ် အသီးအသီးအတွက် အာရက္ခလူ့ဘောင်သည်အခြားအချုပ်အခြာအာဏာများအား “မိမိ၏အချုပ်အခြာအာ ဏာအပေါ် ဝင်ရောက်စွက်ဖက်မှုကိုခွင့်ပြုပေးရမည့်အခြေအနေတွင် ရှိနေသည်။”

ထိုသို့ ခွင့်ပြုပေးရာတွင် “အာရက္ခလူ့ဘောင်၏စံနှုန်းတန်ဖိုး” ကိုမည်မျှ ခိုင် မာအောင်ပြုလုပ်ထားနိုင်ခြင်း ရှိ၊မရှိမှာလည်း အဓိကကျသည့် အချက်ဖြစ်လာသည်။

အာရက္ခလူ့ဘောင်၏စံနှုန်းတန်ဖိုးဟူသ ည် အာရက္ခပြည်သူလူထုအတွက် “တရားမျှတမှု၊တန်းတူညီမျှမှု၊လွတ်လပ်မှု၊ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊သူ့ဖက်ကိုယ့်ဖက်အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှု” များရှိပါမှ ခိုင်မာမှုရှိမည်ဖြစ်သည်။

ဤသို့ခိုင်မာသောစံနှုန်းတန်ဖိုးများက သာ “မိမိခြေထောက်ပေါ် ရပ်တည်နိုင်သောလူ့ဘောင်တစ်ခု” အဖြစ်သို့ တည်ဆောက်နိုင်ရန် မောင်းနှင်နိုင်မည်ဖြစ်သည်။

ထိုသို့မဟုတ်ပါက အရက္ခလူ့ဘောင်သည်လည်း မြန်မာလူ့ဘောင်နည်းတူ “တလွဲတချော်ဇာတိမာန်စိတ်” က ကိန်းဝပ်ကာကန့်လန့်တိုက်တတ်သော ဗီဇစိတ် ရှိနေသည့် လူ့ဘောင်ဖြစ်နေတတ်၍ ဖြစ်သည်။

အာရက္ခလူ့ဘောင်အတွက် “နိုင်ငံတကာအကူအညီများသည်အမှန်ပင်လိုအပ်ပါသည်။” အကူအညီပေးမည့်နိုင်ငံတကာအဖွဲ့အစည်းများကလည်း အာရက္ခလူ့ဘောင်အားပြန်လည်တည်ဆောက်ရန်အတွက် အခြေခံချဉ်းကပ်နိုင်မည့် “အာရက္ခစံနှုန်းတန်ဖိုး” ကို တောင်းဆိုလာမည်ဖြစ်သည်။

အာရက္ခစံနှုန်း တန်ဖိုးအားနည်းနေလျှင် ထိုအားနည်းသောနေရာ၌ နိုင်ငံတကာစံနှုန်းတန်ဖိုးက အစားထိုးနေရာယူလာမည်ဖြစ်သည်။

ထိုသို့နေရာယူလာသော်အခါ “တလွဲတချော်ဇာတိမာန်” စိတ်က ပြဿနာဖြစ်လာမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အာရက္ခလူ့ဘောင်အတွက် နိုင်ငံတကာအကူအညီများ ပိုမိုဝင်ရောက်လာရန်မှာ “ရိုဟင်ဂျာ” ကိစ္စသည် အဓိကနေရာတွင် ရှိနေသည်။

“အာရက္ခစံနှုန်းတန်ဖိုး” ကို သက်သေပြရမည့်ကိစ္စများတွင်လည်း ရိုဟင်ဂျာကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်သည်။

အထူးသဖြင့် အာရက္ခနယ်မြေများအတွင်း ULA/AA မထိန်းချုပ်နိုင်ခင်ကာလက ဖြစ်ပျက်ခဲ့သော“ရိုဟင်ဂျာ” များအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို “အာရက္ခ စံနှုန်းတန်ဖိုး”သည် မည်မျှအကောင်အထည်ဖော်ပေးနိုင်သည်ကို သက်သေပြရမည်ဖြစ်သည်။

ULA/AA ၏ ၂.၃.၂၀၂၄ ရက်နေ့ ကြေညာချက်(၆/၂၀၂၄)တွင် “ULA ဘက်မှ အာရက္ခဒေသတွင်း အုပ်ချုပ်ရေးထူထောင်စဉ်ကပင် မတူညီသောအသိုင်းအဝန်းများကြား သဟဇာတအတူယှဉ်တွဲနေ ထိုင်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊……… အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတွင် ဒေသခံများကို ပါဝင်စေခဲ့ကြောင်း၊ကိုဗစ်နှင့်မိုခါဆိုင်ကလုန်းကဲ့သို့ ကျန်းမာရေးနှင့်သဘာဝဘေးအန္တရာယ်များကျရောက်ချိန်တွင် တန်းတူညီမျှစောင့်ရှောက်မှုပေးခဲ့ကြောင်း၊ထိုဖြစ်စဉ်များကို ဒေသတွင်းနှင့်နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ၊အဖွဲ့အစည်းများဘက်မှလည်း အကောင်းမြင်သောမှတ်ချက်များဖြင့် အသိအမှတ်ပြုထားကြောင်း၊”

“…….စစ်ကောင်စီဘက်မှစစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ မူဆလင်အသိုင်း အဝိုင်းအားစစ်မှုထမ်းရန်ကြိုးပမ်းနေခြင်းမှာ သာမန်ပြည်သူလူထုအား စစ်မြေပြင် သေတွင်းသို့ တွန်းပို့နေခြင်းဖြစ်ကြောင်း၊အာရက္ခပြည်၏အနာဂတ်တည်ငြိမ်အေးချမ်းရေး၊ညီညွှတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ရိုက်ချိုးဖျက်ဆီးခြင်းဖြစ်ကြောင်း၊”

“၂၀၁၇ ခုနှစ် ရက္ခိုင်ပြည်မြောက်ဖက်မြို့နယ်များတွင် မြန်မာစစ်တပ်မှ(ယခုစစ်ကောင်စီ)၏အစုလိုက်အပြုံလိုက် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနှင့်ဂုဏ်သရေရှိ နိုင်ငံကြီးများမှပြေလည်ရန် ကြိုးပမ်းနေခြင်းအပေါ် မိမိတို့ ULAမှ ကြိုဆိုကြောင်း၊မူဆလင်အသိုင်းအဝန်းအား စစ်ကောင်စီ၏စစ်မှုထမ်းရန်အကောင်အထည်ဖော်မှုသည် အာရက္ခဒေသတွင်း မတည်ငြိမ်မှုများကို တိုးပွားစေကြောင်း”

“ဒုက္ခသည်များနေရပ်ပြန်ရေးမျှော်လင့်ချက်ကိုလည်း ဝေကွာစေကြောင်း၊ထိုမတည်ငြိမ်မှုသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့၏စီမံကိန်းများကို ခြိမ်းခြောက်နေကြောင်း၊ဤသည် မှာ စစ်ကောင်စီသည် ဒေသတွင်း မိတ်ဖက်နိုင်ငံကြီး၏မဟာဗျူဟာမြောက်အကျိုးစီးပွားကို ထိပါးနှောင့်ယှက်ရန်ကြိုးပမ်းခြင်းလည်း ဖြစ်ကြောင်း၊”

“အာဆီယံ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းများအနေဖြင့် စစ်ကောင်စီ၏လုပ်ဆောင်မှုအား ပိုမိုအာရုံစူးစိုက်စွာ စောင့်ကြည့်ပြီး ကြိုတင်ဟန့်တားနိုင်ရန် အထူးကြိုးပမ်းပေးကြရန်လိုအပ်နေကြောင်း” ကို ထုတ်ပြန်ထားသည်။

ထို ULA/AA၏ ကြေညာချက်(၆/၂၀၂ ၄)အရပင် အာရက္ခပြည်၏အရေးကိစ္စသည် အခြားသောနိုင်ငံများ၏အကျိုး စီးပွားကိုပါ ရိုက်ခတ်နေသည်ကို တွေ့ရပေသည်။

လက်ရှိ ARSA၊RSO၊ARAအပါအဝင် လက်ရှိတွင် အရပ်သားများကို အကြမ်းဖက်နေသည့်မွတ်ဆလင်လက်နက်ကိုင်များကိစ္စ၏အခြေခံအကြောင်းတရားများထဲတွင် စစ်ကောင်စီ၏မွတ်ဆလင်များကို စစ်မှုထမ်းခိုင်းမှုသည်လည်း အဓိကအချက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

အာရက္ခဒေသအတွင်း ဖြစ်ပေါ်ခဲ့သော စစ်ရာဇဝတ်မှုများကို “အာရက္ခစံနှုန်းတန်ဖိုး” သည် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရစေရန် မောင်းနှင်နိုင်ကြောင်းကို သက်သေပြရတော့မည်ဖြ စ်သည်။

ထိုသို့သက်သေပြရန်အတွက် အခက်အခဲများမှာ…

  • ကျူးလွန်သူများဖြစ်သည့် အာဆာသည်လည်းကောင်း၊စစ်တပ်သည်လည်း ကောင်းစသည့်အဖွဲ့အစည်းများ၏တာဝန်ရှိသူများသည် အာရက္ခနယ်မြေဒေသ၏အပြင်ဘက် ပြည်မနှင့်ဘင်္ဂလားဒေ့ရှ်တွင်ရောက်နေ၍ မိမိအာဏာစက်အတွင်းတွင် ရှိမနေခြင်း။
  • ကျူးလွန်ခံရသူများသည်လည်း မိမိအာဏာစက်အတွင်းတွင် အများစုရှိမနေခြင်း။
  • စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများနှင့်စစ်ရာဇဝတ်မှုကို ကျူးလွန်ခံရသူများသည် လက်ရှိတွင် အာရက္ခနယ်မြေအတွင်းရှိမနေသော်လည်းစစ်ရာဇဝတ်မှုများသည် အာရက္ခနယ်မြေထဲတွင် စတင်ဖြစ်ပွားခဲ့ခြင်း။
  • ထိုစစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာတရားစီရင်ရေးအရကိုင်တွယ်နေသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ခြင်း။
  • ထိုစစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတ ကာတရားစီရင်ရေး၏ကိုင်တွယ်မှုသည် “ရိုဟင်ဂျာ” များပင်မက အာရက္ခနယ်မြေအတွင်း ကျန်သောအခြားလူမျိုးစုငယ်များနှင့်ဒေသန္တရလေယူလေသိမ်း အမျိုးမျိုးရှိသော ရခိုင်လူမျိုးများအတွက်ပါ အကာအကွယ်ဖြစ်လာခြင်းများကြောင့် ULA/AA အနေဖြင့် စစ်ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးတွင်နိုင် ငံတကာ၏အကူအညီကို ယူကိုယူရမည်ဖြစ်သည်။

နိုင်ငံတကာဖြစ်စဉ်များနှင့်ပတ်သက်၍ နှိုင်းယှဉ်သုံးသပ်ကြည့်လျှင် စစ်ရာဇဝတ်မှုများအတွက် အာရက္ခနယ်မြေထဲ၌ နိုင်ငံတကာကပါဝင်ဆောင်ရွက်သော တရားရုံးယန္တရားများသည် တချိန်မဟု တ်တချိန်တွင် ပေါ်ပေါက်လာနိုင်ချေရှိနေပေသည်။

ထိုသို့ ပေါ်ပေါက်လာလျှင် အဆိုပါနိုင်ငံတကာအဆင့် တရားရုံးယန္တရားများက စစ်ရာဇဝတ်မှုများကို ကိုင်တွယ်နိုင်သည့် “တရားစီရင်ရေးဆိုင်ရာအာရက္ခစံနှုန်းတန်ဖိုး” များကို အရင်တောင်းဆိုလာမည်ဖြစ်သည်။

အကယ်၍ အဆိုပါနိုင်ငံတကာအဆင့် တရားရေးယန္တရားများ ကောင်းစွာလည်ပတ်နိုင်သည့် “အာရက္ခစံနှုန်းတန်ဖိုး” များမရှိပါက ထိုနေရာတွင် နိုင်ငံတကာ စံနှုန်းတန်ဖိုးများက နေရာယူလာမည်ဖြစ်သည်။

စစ်ရာဇဝတ်မှုများအား တရားစီရင်ရေးတွင်သာမဟုတ် အာရက္ခနယ်မြေအတွင်းရှိ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးစသည့် အခြားသောနယ်ပါယ် အသီးသီးတွင်လည်း နို င်ငံတကာမှ အကူအညီများဝင်ရောက်လာရန်အတွက် လုပ်ငန်းကဏ္ဍအလိုက် “အာရက္ခစံနှုန်းတန်ဖိုး” များကိုလိုအပ်နေပါသည်။ (စစ်ရာဇဝတ်မှုများအား ULA/AA အနေဖြင့် https://bnanews.net/articles/3871/တကိုယ်တည်းကိုင်တွယ်နိုင်မည်လား ဆောင်းပါးအား ဖတ်နိုင်ပါသည်)

ဤသို့အခြေအနေများအား အာရက္ခလူ့ဘောင်၏ရေရှည်အကျိုးစီးပွားအဖြစ် အာရက္ခပြည်သူလူထုက မည်မျှထိပြောင်းလဲဖော်ဆောင်ယူနိုင်သည်ဆိုသည့်အချက်က အနာဂတ်အာရက္ခအတွက် စောင့်ကြည့်ချင်စရာကောင်းသည့် ဇတ်ခုံကကွက်များလည်း ဖြစ်နေမည်ဖြစ်ပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here