မန္တလေး၊ ဧပြီ ၈။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် မန္တလေးက ငလျင်ဒဏ်သင့်ပြည်သူတွေ အကူအညီတွေ လိုအပ်နေကြပါတယ်။
အဲဒီငလျင်ဒဏ်ကြောင့် မန္တလေးမြို့နေရာအများစု ပြိုပျက်သွားခဲ့သလို လူနေအိမ်တွေ၊ တိုက်တွေလည်း ပြိုပျက်သွားခဲ့တာမို့ ယာယီတဲတွေ လိုအပ်နေတာလို့
ဆိုကြပါတယ်။
အဲဒီငလျင်ဒဏ်သင့်ပြည်သူတွေကို ယာယီတဲတွေ ကူညီပေးထားကြပေမယ့်မလုံလောက်ကြတာမို့ အဆင်ပြေသလို နေထိုင်နေကြရသူတွေလည်းရှိတယ်လို့
ဆိုကြပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။
အဲဒီမန္တလေးမြို့ကို Border News Agency က သွားရောက်မေးမြန်းထားပါတယ်။