တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၆ ရက်နေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ တောင်ကုတ်မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကိုဟိန်းမင်းစိုးမှာ ညာဖက်လက်ညိုးပြတ်ထွက်သွားသလို လည်ပင်းမှာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သူဟာ ဒီနေ့၊နေ့လည် ၁ နာရီအချိန်ခန့်က ရွာအနီးရှိဆည်မှာ ဟင်းရှာသွားရှာချိန် အရင်ကစစ်ကောင်စီတပ်ထောင် ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒ ဏ်ရာရသွားခဲ့တာဖြစ်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်၊ရန်ခေါ်ကျေး ရွာမှာ ဧပြီလ ၄ ရက်နေ့က စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေဆုံးသွားပြီး တဦးဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီအပြင်တောင်ကုတ်မြို့နယ်၊ကြိုး ကြာကွင်းကျေးရွာမှာ မတ်လ ၃၁ ရက်နေ့ကလည်း ထင်းခုတ်သွားရာမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီတောင်ကုတ်မြို့အခြေစိုက်၊ အမှတ်၅၄၄ ခြေမြန်တပ်ရင်းအနီးနဲ့ဂူတာရပ်ကွက်၊ လမ်းတွေမှာ မတ်လ ၁၀ ရက်နေ့က မိုင်းရှင်းလင်းခဲ့ရာမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်း ၃၈ လုံးကို အာရက္ခစစ်သည်တော်တွေက ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်းအရပ်သားပြည်သူတွေဟာ နေအိမ်ခြံဝန်းတွေ၊နေအိမ်တွေ၊လူ သွားလူလာများတဲ့လမ်းမတွေမှာတော င် စစ်ကျန်မိုင်းနင်းမိလို့ သေဆုံး၊ဒဏ် ရာရတာတွေရှိနေတာကြောင့် အာရက္ခတပ်တော်အနေနဲ့ သေချာမိုင်းရှင်းလင်းပေးစေချင်တယ်လို့ တောင်ကုတ်ဒေသ ခံတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေ ဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခ ဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံ တွေ့နေကြရတယ်လို့လည်း တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here