နေပြည်တော်မှာ အမျိုးသား ၁ ဦးကို ၅ ရက်မြောက်နေ့ အသက်ရှင်ကယ်ဆယ်နိုင်

(ဓာတ်ပုံ – ကိုနိုင်လင်းထွန်းကို ကယ်ထုတ်လာပုံ / မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

နေပြည်တော်၊ ဧပြီ ၂ ။

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အေးချမ်းသာဟိုတယ်မှာ ပိတ်မိနေတဲ့ဟိုတယ်ပြင်/ထိန်းဝန်ထမ်းဖြစ်သူ အသက် ၂၆ နှစ်အရွယ်နိုင်လင်းထွန်းကို ဧပြီ ၁ ရက်နေ့၊ည ၁၂ နာရီခွဲအချိန်မှာ အသက်ရှင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။

သူ့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ဝင်တွေ၊ တူရကီ (တူကီရဲ) နိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်တွေ ပူးပေါင်းပြီးအသက်ရှင်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။

အဲဒီငလျင်ဒဏ်ကြောင့် နေပြည်တော်နေရာအများစု ပြိုပျက်သွားခဲ့သလို သမိုင်းဝင်ရှေးဟောင်းဘုရားပုထိုးစေတီ၊ ကျောင်းကန်ဇရပ်တွေလည်း ပြိုပျက်သွားခဲ့ကြပါတယ်။

အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကိုဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးရှိ သမိုင်းဝင်ရှေးဟောင်းအဆောက်ယအအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။

အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်အ ရှေ့မြောက်ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ် ကောင် စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here