Tag: Arakan Army

(ဓာတ်ပုံ - ဆန္ဒဖော်ထုတ်နေကြတဲ့မြိုလူ မျိုးတွေ / ပေးပို့)

အာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်မယ်လို့ မြိုလူမျိုးတွေဆန္ဒဖော်ထုတ်

အာရက္ခတိုင်းပြည်ကို အတူတူတည် ဆောက်ကာကွယ်ကြမယ်ဆိုပြီး မောင်တောမြို့နယ်က မြိုလူမျိုးတွေဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊မနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီမောင်တောမြို့နယ်မှာ ဌာနေတိုင်းရင်းသားလူနည်းစုမြိုလူမျိုးတွေကို အာရက္ခတပ်တော်(AA)က အတင်းအဓမ္မစ စ်မှုထမ်းဖို့ခေါ်ဆောင်ခဲ့ကြရာမှာအမျိုး သမီးတွေလည်း ပါဝင်ခဲ့ကြတယ်လို့ မြိုလူမျိုးတွေက ပြောဆိုထားကြပါတယ်။ အာရက္ခတပ်တော်ကတော ရပ်ရွာကာ ...

Photo - APM

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့အရပ်သားတဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွား တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊မီးတိုက်ကျေးရွာကအသက်နှစ်ဆယ်ငါးနှစ်အရွယ်ကိုမောင်ထွန်းအေးမှာ ဘယ်ဖက်ခြေ ထေက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီကိုမောင်ထွန်းအေးဟာ ဒီနေ့မနက် ၉ နာရီအချိန်ခန့်က ကျေးရွာအနီးရှိ တောင်သို့ဝါးခုတ်သွားရာမှာ ...

(ဓာတ်ပုံ - ရန်ကုန်မြို့မှရောင်းချနေကြတဲ့ပြင်သာလိပ်ဥတွေ / ရောင်းချနေသူတွေ)

ကမ္ဘာ့ရှားပါးပင်လယ်လိပ်ဥတွေ ထိန်းသိမ်းကာကွယ်သူမဲ့နေ

အာရက္ခဒေသက ကမ္ဘာ့ရှားပါးပင်လယ်လိပ်တွေရှိပေမယ့် အဲဒီပင်လယ်လိပ်တွေကို ဖမ်းဆီးသတ်ဖြတ်ရောင်းချနေကြတာ၊လိပ်ဥတွေကို ရောင်းကုန်တခုလိုစျေးကွက်တင်ရောင်းချနေကြတာမို့ သေဆုံးမှုတွေတိုးလာနေပြီး မျိုးသုဥ်းပျောက်ကွယ်တော့မယ်အန္တရာယ်အထိရှိနေတယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်းကတည်းက စစ်ကောင်စီက အာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ဆို့ထားပေမယ့် အာရက္ခဒေသက ပင်လယ်လိပ်ဥတွေကို ရန်ကုန်မြို့ထိ ခိုးထုတ် ယူဆောင်ရောင်းချတာတွေ ရှိနေကြပါတယ်။ ...

Photo - APM

အာရက္ခဒေသမှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွေလုပ်ဆောင်နေ

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့မီးသတ်ဌာနကလုပ် ဆောင်နေပါတယ်။ အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသက မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့မီးသတ်ဌာနက မီးဘေးအန္တရာယ်အတွက် ​ကြိုတင်ကာကွယ်ရေးသတိပေးချက်တွေကိုလုပ်ဆောင်နေပါတယ်။ အဲဒီသတိပေးချက်တွေကို ဇန်နဝါရီလဒုတိယအပတ်ကစလို့ အသိပညာပေးဟောပြောတာတွေ၊ "မီးသတိပြု" "မီးဘေးအန္တရယ်ကာကွယ်ပါ" ဆိုပြီး ပိုစတာကပ်တာတွေလုပ်ဆောင်နေပါတယ်။ အဲဒီအပြင် မီးဘေးအန္တရာယ်မဖြစ်စေဖို့အတွက်အာရက္ခပြည်သူတွေ ...

“ဆန်ကိုရောင်းပြီးဆေးဝယ်ရမယ်။ အဲဒီဆေးမသောက်ရရင် အမေကအဆင်မပြေဘူး။”

https://youtu.be/DCxk8VtJdlA အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ စစ်ဘေးရှောင်တွေဟာ နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆို င်ရာအကူအညီတွေမရကြတာမို့ စားဝ တ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြေ ပုံမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးကို Border News Agencyကတွေ့ ဆုံမေးမြန်းထားပါတယ်။

“ကျမတို့ဘေးနားမှာ အေအေကလူတွေ စခန်းချပြီးနေမယ်ဆိုရင် ကျမတို့နေမယ်။”

https://youtu.be/psc7L0TXinw မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက် ကိုင်တွေဟာ အရပ်သားပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေကျူးလွန်ခဲ့ကြတယ်လို့ မောင်တောမြို့နေပြည်သူတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့ပေါ်နေမိသားစုတွေထဲက ယောကျ်ားခုနှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက် ကိုင်တွေဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။ အဲဒီအထဲကလူငယ်နှစ်ဦးကို ပြန်လွှတ် ပေးလိုက်ပေမယ့်နောက်ထပ်ငါးဦးကိုတော့ ခုချိန်ထိဘာမှမသိရသေးဘူးလို့မိသားစုဝင်တွေကဆိုကြပါတယ်။ သူတို့ကို ...

(ဓာတ်ပုံ - ကာကွယ်ဆေးထိုးရန်လိုအပ်နေတဲ့ဘူးသီးတောင်မြို့နယ်မှစစ်ဘေးရှောင်ကလေးတဦး / BNA)

အာရက္ခပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံတကာအကူအ ညီတွေလိုအပ်နေ

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုကျန်းမာရေးစောင့်မှုတွေအတွက် နိုင်ငံတကာအကူအညီတွေ လိုအပ်နေပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖိတ်ခေါ်သင့်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီနိုင်ငံတကာလူသားချင်းစာနာထော က်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံချက်တွေပေးသင့်တယ်လို့လ ...

Photo - APM

အာရက္ခတပ်တော် ဖမ်းဆီးထိန်းသိမ်းထားသူ နှစ်ရာနီးပါးကိုပြန်လွှတ်ပေး

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေအပါအဝင် ဒုတိယရဲမှူးကြီးတဦးကို ပြန်လွတ်ပေးလိုက်ပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့မိသားစုဝင် ၁၉၇ ဦးအပါအဝင် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားတဲ့ ဒုတိယရဲမှူးကြီးတဦး၊စုစုပေါင်း ၁၉၈ ဦးကို ခုရက်ပိုင်းအတွင်းမှာ အာရက္ခတပ်တာ်က လွတ်ပေးလိုက်ပါတယ်။ အဲဒီလွတ်လွတ်မြောက်လာသူ စစ်ကောင်စီတပ်ရဲ့ မိသားစုဝင်တွေထဲမှာအမျိုးသား ၅၁ ဦး၊အမျိုးသမီး ...

(ဓာတ်ပုံ - စစ်ကောင်စီတပ်အသုံးပြုနေတဲ့မြေမြုပ်မိုင်းတွေ / AA)

အမ်းမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးသေပြီးတဦးဒဏ်ရာရ

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးသေဆုံးပြီးတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီတပ်တောင်မြို့၊ အမှတ် ၃ ရပ်ကွက်က အသက်တဆယ့်ရှစ်နှစ်အရွယ်ကိုညီညီစိုးသေဆုံးသွားပြီးအသက်တဆယ့်ရှ စ်နှစ်အရွယ်ကိုကျော်ဝင်းထွန်းမှာ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ...

Photo - APM

မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရာမပွဲတော်ကျင်းပ

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့အမွန်မြတ်ဆုံးဖြစ်တဲ့ရာမဘုရားပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီရာမဘုရားပွဲတော်ကို ဖေဖော်ဝါရီ လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိသုံးရက်တိတိကျင်းပပြုလုပ်ခဲ့ကြတယ်လို့ဟိန္ဒူ ဘာသာဝင်တွေကဆိုကြပါတယ်။ အဲဒီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာပွဲတော်တွေထဲက ဟိန္ဒူဘုရားခရစ်ရှနာမယ်တော်ကိုပူဇော်ပွဲဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေကဆိုကြပါတယ်။ အဲဒီဘာသာရေးပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ရပ်ရွာအေးချမ်းသာယာရေး၊ ...

Page 7 of 9 1 6 7 8 9

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here