အကျဉ်းသားငါးထောင်နီးပါးကို စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေး

(ဓာတ်ပုံ – စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေအကျဉ်းထောင်ကိုတွေ့ရပုံ / BNA)

မြန်မာနှစ်ဆန်းတရက်၊ ဧပြီလ၁၇ ရက်၊ ဒီနေ့မှာ နိုင်ငံတဝှမ်းလုံးရှိအကျဉ်း ထောင်တွေက အကျဉ်းသူ၊အကျဉ်း သား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီထုတ်ပြန်ပါတယ်။

အဲဒီအပြင်နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူတဆယ့်သုံးဦးကို လွတ်ငြိ မ်းသက်သာခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီသူတွေကို နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်ဖို့ ခုလိုလွှတ်ပေးတာဖြစ်ပြီး နောက်တကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင် ကျန်ရှိနေတဲ့ပြစ်မှုတွေအတွက်လည်းတပါတည်းထပ်မံကျခံရမယ်လို့လည်း ဆိုပါတယ်။

နောက်ပြီးကျန်အကျဥ်သားတချို့ကို ပြစ်ဒဏ်ရဲ့ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလုပ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေနဲ့ကျောက်ဖြူအကျဥ်ထောင်က အကျဥ်သူ၊အကျဥ်သားဘ ယ်လောက်လွတ်မြောက်လာတယ်ဆိုတာမသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here