မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်မန္တလေးမြို့နေရာအများစုပျက်စီးသွားခဲ့ပါတယ်။
အဲဒီမန္တလေးမြို့နေရာအများစုမှာ ပိတ်မိနေသေးတဲ့ပြည်သူအများအပြားရှိနေသေးတာမို့ ကယ်ဆယ်ကူညီရေးတွေအရေးပေါ်လိုအပ်နေသေးတယ်လို့ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုငလျင်ကြောင့် ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊ရဟန်းသံဃာ တော်တွေအပါအဝင်လူပေါင်များစွာသေဆုံးဒဏ်ရာရခဲ့ကြသလိုအဆောက် အအုံတွေလည်း အများအပြားရှိပျက် စီးသွားခဲ့ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီ နယ်မြေတွေကို အာဏာသိမ်း စစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် ဒေသခြောက်ခုကို အရေးပေါ် အခြေအနေကြေညာထားတာဖြစ်ပါတယ်။

























