မန္တလေးမြို့ပတ်လမ်း(ကမ်းနားလမ်း)ပြိုကျပျက်စီး

(ဓာတ်ပုံ – မန္တလေးမြို့ပတ်လမ်းပျက်စီးနေတာပို ဧပြီလ ၂ ရက်နေ့က တွေ့ရပုံ / လူမှုကွန်ရက်)

မန္တလေး၊ ဧပြီ ၂။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအ လွန်ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် မန္တလေးမြို့မှစစ်ကိုင်းမြို့သို့သွားလမ်း ပြိုကျပျက်စီးနေပါတယ်။

အဲဒီငလျင်ဒဏ်ကြောင့် မန္တလေးမြို့နေ ရာအများစုပြိုပျက်သွားခဲ့သလို သမိုင်းဝင်ရှေးဟောင်းဘုရားပုထိုးစေတီ၊ ကျောင်းကန်ဇရပ်တွေလည်း ပြိုပျက်သွားခဲ့ကြပါတယ်။

အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ သမိုင်း ဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။

အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here